top of page


လူ့အခွင့်အရေးနေ့မှာ မြောက်ဦး ပြည်သူ့ဆေးရုံ ဗုံးကြဲခံရ
BVJ_ဒီဇင်ဘာ ၁၀၊ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ညဘက်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံဗုံးကြဲခံရပြီး လူနာအနည်းဆုံး(၁၀)ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မနေ့ည (၉) နာရီ(၁၃)မိနစ်ခန့်မှာ အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး (၂)လုံးကြဲချတာကြောင့် အရပ်သား ၂၉ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာအချို့ မှာ ဖော်ပြထားတာတွေ့ရပါတယ်။

BVJ
Dec 11, 20251 min read


တပတ်အတွင်း အထူးသတင်းစဥ်(ဒီဇင်ဘာ ၆)
ဒီတပတ်အတွင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖီဖာက ငြိမ်းချမ်းရေးဆုပေးလိုက်တဲ့သတင်း၊ ကျောက်ဖြူမှာစစ်အုပ်နဲ့ AAကြား နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့သတင်း၊ ဒီပဲယင်းမြို့နယ် မရကန်ရွာကိုစစ်အုပ်စုဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၀ကျော်သေဆုံးခဲ့တဲ့သတင်းအပါအဝင် တခြားပြည်းတွင်း ပြည်ပကစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ကြရမှာဖြစ်ပါတယ်။ Burma VJရဲ့ အပတ်စဉ် စနေနေ့တိုင်းတင်ဆက်ပေးနေတဲ့ တပတ်အတွင်းအထူးသတင်း အစီအစဥ်တွေကို မမိုင် က ပါဝင်တင်ဆက်ပေးထားပါတယ်။

BVJ
Dec 8, 20251 min read


တပါတ်အတွင်း အထူးသတင်း
BVJ_နိုဝင်ဘာ ၃၀၊ ၂၀၂၅ ဒီတပတ်တင်ဆက်ထားတဲ့သတင်းတွေထဲမှာ ဟောင်ကောင်မီးလောင်မှုအတွင်း သေဆုံးသူ ၁၃၀ နီးပါးရှိလာတဲ့သတင်း၊ အိမ်ဖြူတော်နားမှာ National Guardတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်း နောက်ဆက်တွဲ အခြေအနေ၊ စစ်အုပ်စုကလုပ်မယ့်ရွေးကောက်ပွဲကို နိုင်ငံတကာလွှတ်တော်အမတ်တွေကရှုတ်ချလိုက်တဲ့သတင်းအပါအဝင် တခြားပြည်တွင်း ပြည်ပက စိတ်ဝင်စားစရာသတင်းတွေ ပါဝင်ပါတယ်။ BVJရဲ့ ဒီတပတ်အထူးသတင်းအစီအစဥ်ကို မအယ်နာကတင်ဆက်ပေးထားပါတယ်။

BVJ
Dec 1, 20251 min read


တော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ပါရာမော်တာ
BVJ_နိုဝင်ဘာ ၂၃၊ ၂၀၂၅ မြိုင်ပကဖ၊ ပေါက်ပကဖ၊ MGY-PDFစုပေါင်းတပ်တွေပူးပေါင်းပြီး အာဏာသိမ်းစစ်အုပ်စုရဲ့စစ်ကြောင်းကို တိုက်ခိုက်နေချိန်မှာ ပခုက္ကူ ၁၀၁တပ်ကနေတက်လာတဲ့ စစ်အုပ်စုရဲ့ပါရာမော်တာကို နိုဝင်ဘာ ၂၂ရက်မှာ ပစ်ချနိုင်လိုက်ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်ထားပါတယ်။ ဗီဒီယိုခရက်ဒစ်- မြိုင် ပကဖ

BVJ
Nov 24, 20251 min read


တပါတ်အတွင်း ထူးခြားသတင်း
ဒီတပတ်အတွက် တင်ဆက်ပေးထားတဲ့သတင်းတွေကတော့ အမေရိကန်ကအကြံပြုတဲ့ငြိမ်းချမ်းရေးအစီအစဥ်ကို ရုရှားကလက်ခံတယ်ဆိုပေမယ့် ယူကရိန်းဘက်ကလက်ခံဖို့ အခက်အခဲရှိနေတဲ့သတင်း၊ ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံထားရတဲ့သူတွေကို စစ်အုပ်စုလက်အောက်ခံမြို့နယ်တရားရုံးတွေက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တဲ့သတင်း၊ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် အရေးပေါ်အကူအညီလိုအပ်နေတဲ့ သတင်းအပါအဝင် တခြားပြည်တွင်း ပြည်ပကစိတ်ဝင်စားစရာသတင်းတွေကို ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်ရှင့်။...

BVJ
Nov 24, 20251 min read


"ရေနစ်နေတဲ့မြန်မာ့ရုပ်ရှင်ကိုကယ်တင်နိုင်ပါ့ဦးမလား"
စစ်တပ်ကမတရားအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေအနေဟာ "တောင်မြန်မာ"နဲ့"မြောက်မြန်မာ" ပုံစံမျိုးကွဲထွက်သွားခဲ့ပါတယ်။ပြီးတော့ ဒီနေ့မြန်မာ့ရုပ်ရှင်လောကရဲ့အခြေအနေကလည်း သမိုင်းတလျှောက်အခက်အခဲဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကတဆင့် "ရေနစ်နေတဲ့မြန်မာ့ရုပ်ရှင်ကိုကယ်တင်နိုင်ပါ့ဦးမလား"ဆိုပြီး မြန်မာ့ရုပ်ရှင်အနုပညာလောက ကံကြမ္မာကို မေးခွန်းထုတ်ထားပါတယ်။ မှတ်တမ်းရုပ်ရှင်ကို ဒီလင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.youtube.com/watch?v=jT

BVJ
Nov 20, 20251 min read


တပါတ်အတွင်းထူးခြားသတင်း
BVJ_နိုဝင်ဘာ ၁၅၊ ၂၀၂၅ ဒီတပတ်အတွင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘီဘီစီကို အမေရိကန်ဒေါ်လာတစ်ဘီလျံကနေ ၅ဘီလျံအထိ လျော်ကြေးတောင်းလိုက်တဲ့သတင်း၊ အခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ၊ မြဝတီမြို့ အခြေစိုက်ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေဆက်တိုက်ရှိလာနေတဲ့သတင်း၊ ပလက်ဝခရိုင်အတွင်းကဒေသခံတွေပြင်းထန်တဲ့ ဝမ်းပျက်၊ဝမ်းလျှောရောဂါကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သတင်းအပါအဝင် တခြားပြည်တွင်း ပြည်ပက စိတ်ဝင်စားစရာသတင်းတွေကို နားဆင်ကြရမှာ ဖြစ်ပါတယ်ရှင့်။ Burma

BVJ
Nov 17, 20251 min read


ကျားဖြန့်ခေါင်းဆောင် ရှီကျစ်ကျန်း တရုတ်နိုင်ငံကိုရောက်ရှိ
BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၅ မနေ့က နိုဝင်ဘာ ၁၂ရက်ညနေက ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်ကနေ တရုတ်နိုင်ငံကိုပို့လိုက်တဲ့ ကျားဖြန့်ခေါင်းဆောင်ရှီကျစ်ကျန်းဟာ တရုတ်နိုင်ငံထဲကိုရောက်သွားပါပြီ။ သူ့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံကို မနေ့ကလွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ရှီကျစ်ကျန်းဟာတရုတ်နိုင်ငံသားဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်း ခံယူထားသူပါ။ သူဟာ ကမ္ဘောဒီယားကကျားဖြန့်စင်တာနဲ့ ထိုင်င်း-မြန်မာနယ်စပ်...

BVJ
Nov 13, 20251 min read


ဖန်တီးခွင့်တွေရဖို့ အာဏာရှင်မရှိမှဖြစ်မှာ
BVJ_နိုဝင်ဘာ ၇၊ ၂၀၂၅ အာဏာသိမ်းစစ်ကောင်စီက သူတို့လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ယူဆတဲ့သူအားလုံးကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ လတ်တလောမှာ ဒါရိုက်တာမိုက်တီးနဲ့ ဒါရိုက်တာ ဇမ္မူထွန်းသက်လွင်တို့ အပါအဝင် ရုပ်ရှင်ဒါရိုက်တာ၃ဦးနဲ့ သရုပ်ဆောင်နှစ်ဦးတို့ဖမ်းဆီးခံထားရပြီး သရုပ်ဆောင်ဖွေးဖွေးနဲ့ သရုပ်ဆောင်အလင်းရောင်တို့လည်း ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဘဝတူအနုပညာရှင်တွေ ဆက်တိုက်အဖမ်းခံရနေတာနဲ့ပတ်သက်တဲ့ သူ့သဘောထားကို ဒါရိုက်တာကိုပေါက်က Burma VJ ကိုပြောပြထားပါတ

BVJ
Nov 10, 20251 min read


BVJ တပါတ်အတွင်းသတင်း
BVJ_ နိုဝင်ဘာ ၈၊ ၂၀၂၅ ကာလ်မေဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံးလူ ၂၀၀ နီးပါးသေဆုံးခဲ့တဲ့သတင်း၊ အာရက္ခတပ်တော်-AAနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကြား နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ သတင်း၊ တီးတိန်တိုက်ပွဲမှာ စစ်အုပ်စုအထိနာနေတဲ့သတင်းအပါအဝင် တခြားပြည်းတွင်းပြည်ပက စိတ်ဝင်စားစရာသတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်ရှင့်။ #BVJ #arakanarmynews #AA #whathappeninginmyanmar

BVJ
Nov 10, 20251 min read


BVJ တပတ်အတွင်း အထူးသတင်း
နိုဝင်ဘာ ၁၊ ၂၀၂၅ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်မှာမဟုတ်ဘူးလို့ အာဆီယံ ပြောလိုက်တဲ့သတင်း၊ ရှမ်းမြောက်အပစ်ရပ်ပြီးနောက် စစ်ကောင်စီကရခိုင်ကိုစစ်ရေးဖိအားပေးလာနေတဲ့သတင်း၊ ဗြိတိန်ရဲ့ချားလ်ဘုရင်ကြီးက ညီတော်မင်းသားအင်ဒရူးရဲ့ တော်ဝင်မင်းသားဘွဲ့အပါအဝင် တော်ဝင်အဆောင်အယောင်အားလုံးဖယ်ရှားလိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ BVJ ရဲ့ ဒီတပတ်ထူးခြားသတင်းတွေကို မမိုင်က တင်ဆက်ပေးထားပါတယ်။

BVJ
Nov 3, 20251 min read


တပတ်အတွင်း ထူးခြားသတင်းစဥ်
BVJ_အောက်တိုဘာ ၁၈၊ ၂၀၂၅ ယူကရိန်းသမ္မတ ဇာလန်စကီးနဲ့ အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်တို့ သောကြာနေ့ကအိမ်ဖြူတော်မှာ ထပ်မံတွေ့ဆုံခဲ့တဲ့သတင်း၊ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား ကျောက်ဖြူနဲ့ စစ်တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့ ရှမ်းမြောက်က သီပေါမြို့ကို စစ်ကောင်စီပြန်ထိန်းချုပ်လိုက်တဲ့ သတင်းအပါအဝင် တခြားပြည်တွင်းပြည်ပက စိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ကြရ မှာဖြစ်ပါတယ်။ စနေနေ့ညနေတိုင်း တင်ဆက်ပေးနေတဲ့ BVJရဲ့ တပတ်အတွင်းအထူးသတင်းအစီအစဥ်ကို မမိုင်က တင်ဆက်ပေးထားပါတယ်။

BVJ
Oct 20, 20251 min read


ဘုံတိုရွာလေကြောင်းတိုက်ခိုက်ခံရမှု မျက်မြင်သက်သေတစ်ဦးရဲ့ရှင်းပြချက်
"သပိတ်ဦးဆောင်လူငယ်လေးတွေကို ကျမအနေနဲ့လုံးဝအပြစ်မတင်ပါဘူး။ သူတို့ကိုနှစ်သိမ့်ချင်တာပါ။ သပိတ်မလုပ်လည်း သူတို့(စစ်အုပ်စု)ကကြဲနေတာပါပဲ" မုံရွာအမြင့်လမ်းသပိတ်လမ်းဦးဆောင်ကော်မတီနဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီတို့ဦးဆောင်ပြီး စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ အောင်တိုဘာ ၁၇ရက်မှာပြုလုပ်ခဲ့ပါတယ်။ ဘုံတိုရွာဆီမီးသပိတ်တိုက်ခိုက်ခံရမှုမှာ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ချောင်းဦးဒေသခံ မစန္ဒာက သူကြုံတွေ့ခ

BVJ
Oct 20, 20251 min read


တပါတ်အတွင်း အထူးသတင်းအစီအစဥ်
BVJ_ အောက်တိုဘာ ၁၁၊ ၂၀၂၅ ၂၀၂၅ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလားအတိုက်အခံပါတီခေါင်းဆောင် မာရီယာကော်ရီနာမာချာဒို...

BVJ
Oct 13, 20251 min read


ချောင်းဦးဗုံးကြဲခံရမှု သပိတ်ခေါင်းဆောင်လူငယ်လေးဦး သေဆုံး(ရုပ်သံ)
စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ်အစပ်ကို မနေ့ကသီတင်းကျွတ်လပြည့်နေ့ညမှာ စစ်အုပ်စုကလေထီးနဲ့ဗုံးလာကြဲခဲ့တာကြောင့်...

BVJ
Oct 8, 20251 min read


တပါတ်အတွင်း ထူးခြားသတင်းစဥ်
BVJ_အောက်တိုဘာ ၄၊ ၂၀၂၅ ဂါဇာကမ်းမြောင်ဒေသထဲ ဝင်ရောက်ဖို့ကြိုးစားတဲ့ ကယ်ဆယ်ရေး သင်္ဘောအုပ်စုကို အစ္စရေးရေတပ်က ကြားဖြတ်ဟန့်တားနေတဲ့သတင်း၊...

BVJ
Oct 7, 20251 min read
bottom of page
