top of page

သီပေါမှာ SSPPနဲ့ MNDAA တပ်တွေကြား တင်းမာမှုဖြစ်နေပြီး MNDAA ဘက်က တပ်အင်အားဖြည့်တင်းမှုတွေပြုလုပ်နေ

  • Writer: BVJ
    BVJ
  • Apr 30
  • 1 min read

BVJ/Moore _ ဧပြီ ၃၀ ၊ ၂၀၂၅


Photo: SSPP Info
Photo: SSPP Info

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တင်းမာမှုဖြစ်ပွားနေပြီး ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ SSPP/SSA က ဒီနေ့ ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။


အခု ဧပြီလနောက်ဆုံးပတ်မှာ သီပေါမြို့နယ် တင်းဟိုင်းရွာ၊ ဟူးမီရွာနဲ့ နမ့်မရွာတို့မှာ နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ SSPP က ဖော်ပြထားပါတယ်။


MNDAA တပ်ဖွဲ့ဝင်တွေ SSPP အုပ်ချုပ်ရေးနယ်မြေအတွင်း ကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲ ဝင်ရောက်ဖြတ်သန်းလာခဲ့တာကြောင့် SSPP အောက်ခြေတပ်သားတွေနဲ့ ဧပြီ ၂၈ ၊ ၂၉ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့တွေ ထိုးကြိတ်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


Photo: MNDAA ပုံဟောင်း
Photo: MNDAA ပုံဟောင်း

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော် (MNDAA) က တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ နှစ်ဖက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ပါတီ ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားမယ်လို့လည်း SSPP/SSA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။


လက်ရှိမှာ SSPP/SSA တပ်စခန်းတွေရှိတဲ့ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စတဲ့ နေရာတွေအနီးမှာ MNDAA က တပ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ SSPP သတင်းပြန်ကြားရေးက ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ဧပြီ ၂၆ ရက်ကလည်း သိန္နီမြို့နယ် နန့်စလပ်ဒေသမှာ SSPP/SSA နဲ့ MNDAA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့သလို နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါသေးတယ်။


MNDAA နဲ့ SSPP/SSA တို့ဟာ “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်ကြပြီး နှစ်ဖက်အဖွဲ့အကြား နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page