top of page

နျူကလီးယားစက်ရုံတည်ဆောက်မယ့် စစ်ကောင်စီကို ဒေသတွင်းနိုင်ငံတွေက အလေးထားတုံ့ပြန်ဖို့ NUG တိုက်တွန်း

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

BVJ/မိုနာ_ မေ ၁၃၊ ၂၀၂၅


ရုရှားအစိုးရပိုင် Rosatom က တည်ဆောက်ထားတဲ့ ဘယ်လာရုစ်နိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (ဓာတ်ပုံ - EPA)
ရုရှားအစိုးရပိုင် Rosatom က တည်ဆောက်ထားတဲ့ ဘယ်လာရုစ်နိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (ဓာတ်ပုံ - EPA)

စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မှာက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုသာမကဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ပြည်သူတွေရဲ့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာနိုင်တာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူ၊တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုံ့ပြန်ဆောင်ရွက်ကြဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။


“စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဟာ သူတို့ရဲ့အာဏာတည်မြဲရေးတခုထဲကိုသာ ရှေးရှုပြီး ပြည်သူတွေရဲ့အခွန်ဘဏ္ဍာတွေကို ထင်သလိုအသုံးပြုနေသလို အချို့သောနိုင်ငံတွေနဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းစတဲ့ လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေပါတယ်”လို့ ဒီနေ့ မေ ၁၃ရက်မှာ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း" အစီအစဉ်မှာ ဦးနေဘုန်းလတ်က ပြောတာပါ။


စစ်ကောင်စီဟာ ရုရှားနည်းပညာနဲ့ ၁၁၀ မက်ဂါဝပ် အနုမြူဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ်ဆိုတဲ့အကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကနေ မတ်လ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။



အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အခုနှစ် မတ်လအတွင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ချိန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတချို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်တွေထဲမှာ ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့်အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုကို မြန်မာနိုင်ငံမှာတည်ဆောက်ပေးဖို့ ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။


စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်မယ့်အပေါ် မှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက် နေထိုင်နေကြတဲ့ပြည်သူတွေရဲ့ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ ဘဝနေထိုင်မှုတွေအတွက် အလွန်စိုးရိမ်ပူပန်မိကြာင်းကို ကရင်အမျိုးသားအစည်းအရုံး-KNU ကလည်း အခုလ ၉ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page