top of page

ဒက်စရင်ကျောင်းပစ်ခတ်မှုကြောင့် ၂၀၂၃ ဆီယမ်ပါရာဂွန်ပစ်ခတ်မှုအပေါ် လူအများအာရုံစိုက်လာကြ

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

အီးကေ/BVJ_သြဂုတ် ၁၀၊ ၂၀၂၆

၂၀၂၃ခုနှစ်က ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာမှာ လူသုံးဦးကို သေနတ်နဲ့ပစ်သတ်ခတ်မှုကြောင့်ဖမ်းဆီးခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းနေစဉ်။
၂၀၂၃ခုနှစ်က ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာမှာ လူသုံးဦးကို သေနတ်နဲ့ပစ်သတ်ခတ်မှုကြောင့်ဖမ်းဆီးခဲ့တဲ့ အသက် (၁၄) နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းနေစဉ်။

ပြီးခဲ့တဲ့ သောကြာနေ့က အသက် (၁၄) နှစ်အရွယ်ကျောင်းသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် သေနတ်သမားလူငယ်အပါအဝင် လူ(၉)ဦးသေဆုံးပြီး လူ (၂၀)ကျော်ဒဏ်ရာရရှိခဲ့တဲ့ ဒက်စရင် နွန်သဘူရီကျောင်း ပစ်ခတ်မှုဖြစ်စဉ်ကနေ ၂၀၂၃ ခုနှစ်က ဆီယမ်ပါရာဂွန်ပစ်ခတ်မှုအပေါ် လူအများအာရုံစိုက်လာကြသလို၊ အဲဒီတုန်းကပါဝင်ခဲ့တဲ့ လူငယ်ရဲ့လက်ရှိအခြေအနေကလည်း ပြန်လည် ထွက်ပေါ်လာပါတယ်။


လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး ဆီယမ်ပါရာဂွန် စျေးဝယ်စင်တာမှာ လူသုံးဦးကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့ အသက်(၁၄)နှစ်သာရှိသေးတဲ့လူငယ်ဟာ ရုံးတော်ရဲ့အမိန့်အရ စိတ်ရောဂါကုသမှုခံယူပြီးနောက် အန္တရာယ်မရှိတော့ဘူးလို့ယူဆရမယ်ဆိုရင် လာမယ့်နှစ်မှာပြန်လွတ်လာနိုင်ဖွယ် ရှိနေပါတယ်။


ကလေးသူငယ်နဲ့လူငယ်စောင့်ရှောက်ရေး ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Komon Prompeng ရဲ့ပြောကြားချက်အရ အဲဒီလူငယ်ကိုလက်ရှိမှာ Galya Rajanagarindra ဆေးဘက်ဆိုင်ရာ အင်စတီကျုမှာ စောင့်ရှောက်ထားပြီး စိတ်ရောဂါကုသမှုတွေခံယူစေလျက်ရှိပါတယ်။


၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ကဖြစ်ပွားခဲ့တဲ့အဲဒီပစ်ခတ်မှုမှာ လူ သုံးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကျူးလွန်သူဟာ အသက်မပြည့်သေးသူဖြစ်တာကြောင့် ဗဟိုကလေးသူငယ်နဲ့မိသားစုတရားရုံးက အမှုတွဲကို ကိုင်တွယ်ခဲ့ပြီး အနည်းဆုံး သုံးနှစ်နဲ့ အများဆုံး ငါးနှစ်အထိ ပြန်လည် ထူထောင်ရေးကုသမှုခံယူဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။


သူ့ကို ကြီးကြပ်ကွပ်ကဲမှုအောက်မှာထားရှိခဲ့တာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနှစ်မှာ အနည်းဆုံးသုံးနှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။

ဆေးအဖွဲ့ရဲ့ စောင့်ရှောက်မှုအောက်မှာရှိနေစဉ်အတွင်း အရာရှိတွေက အဲဒီလူငယ်ရဲ့ အပြုအမူနဲ့ အန္တရာယ်ရှိနိုင်ခြေကိုစဉ်ဆက်မပြတ် ဆန်းစစ်သုံးသပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူ့ရဲ့အပြုအမူတွေကောင်းမွန်ခဲ့ပြီး ပြဿနာတစ်စုံတစ်ရာမရှိခဲ့သလို သိသာထင်ရှားတဲ့အန္တရာယ်ရှိကြောင်း မတွေ့ရဘူးလို့ Komonကဆိုပါတယ်။


အဲဒီလူငယ်ရဲ့မိဘတွေကလည်း သူ့ဆီကိုအပတ်စဉ်လာရောက်တွေ့ဆုံကြပြီး ဆရာဝန်တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ စိတ်ကျန်းမာရေးဆေးဝါးတွေကို ဆက်လက်သောက်သုံးနေရပါတယ်။ ဌာနအနေနဲ့လည်း သုံးလတစ်ကြိမ် ဆန်းစစ်မှုတွေပြုလုပ်ပြီး သူ့ရဲ့အပြုအမူအခြေအနေတွေကို ဗဟို ကလေးသူငယ်နဲ့မိသားစုတရားရုံးဆီ အစီရင်ခံတင်ပြလျက်ရှိတယ်လို့ ဆိုပါတယ်။


အနည်းဆုံးသုံးနှစ် သတ်မှတ်ကာလကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ဌာနအနေနဲ့လာမယ့်နှစ်မှာ အဲ့ဒီလူငယ်ကိုစေ့စေ့စပ်စပ်ထပ်မံဆန်းစစ်မှုတွေ ပြုလုပ်ပြီးမှသာ တွေ့ရှိချက်တွေကို တရားရုံးထံတင်ပြသွားမှာဖြစ်ပါတယ်။


တကယ်လို့စစ်ဆေးချက်အရ သူဟာအပြုအမူကောင်းမွန်ပြီး ဘယ်လိုအန္တရာယ်မှမရှိတော့ဘူးလို့ဆုံးဖြတ်မယ်ဆိုရင် အနည်းဆုံး သုံးနှစ်ပြည့်မြောက်တဲ့ လာမယ့်နှစ်မှာ သူ့ကိုပြန်လွှတ်ပေးဖို့ တရားရုံးကိုအကြံပြုသွားဖွယ်ရှိပါတယ်။

သို့သော်လည်း ပြန်လွှတ်ပေးမလား၊ ဒါမှမဟုတ် ဆက်လက်စောင့်ကြပ်ကြည့်ရှုမလားဆိုတဲ့ဆုံးဖြတ်ချက်ဟာ ဗဟို ကလေးသူငယ်နဲ့မိသားစုတရားရုံးရဲ့ ဆန်းစစ်တွေ့ရှိချက်နဲ့ အမိန့်အပေါ်မှာသာ အဓိကမူတည်နေပါတယ်။


အဲ့ဒီလူငယ်ဟာပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ရဲတပ်ဖွဲ့ထံ လက်နက်ချအလင်းဝင်ခဲ့တာဖြစ်ပါတယ်။ သားကောင်ဖြစ်ခဲ့ရသူတွေကတော့ တရုတ်ခရီးသည်တစ်ဦး၊ မြန်မာနိုင်ငံသားတစ်ဦးနဲ့ ထိုင်းအမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ဖော်ချက်အရ သူဟာကျည်အစစ်ပစ်လို့ရအောင်ပြင်ဆင်ထားတဲ့ ကျည်တောက်ဗလာ (Blank-firing) သေနတ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့က ဒက်စရင် နွန်သဘူရီကျောင်းမှာ အသက်(၁၄)နှစ်အရွယ် ကျောင်းသားတစ်ဦးပါဝင်ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ကြောင့်၊ အရင်က အသက်အရွယ်တူညီနေတဲ့ ၂၀၂၃ ခုနှစ် ဆီယမ်ပါရာဂွန်ပစ်ခတ်မှုနဲ့ အဲဒီကျူးလွန်ခဲ့တဲ့လူငယ်ရဲ့အရေးကို ပြည်သူတွေကတစ်ကျော့ပြန်စိတ်ဝင်စားလာကြပါတယ်။

ခရက်ဒစ် - Thai PBS World


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page