top of page

ငလျင်ဒဏ်သင့်မြန်မာကျောင်းသားတွေအတွက် တောင်ကိုရီးယားတက္ကသိုလ်က ထောက်ပံ့ကြေးပေး

  • Writer: BVJ
    BVJ
  • Jun 16
  • 1 min read

BVJ/Moore _ ဇွန် ၁၆ ၊ ၂၀၂၅

တောင်ကိုရီးယား Sejong University
တောင်ကိုရီးယား Sejong University

ငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ မြန်မာကျောင်းသားတွေအတွက် ငွေကြေးဆိုင်ရာထောက်ပံ့မှုနဲ့ အကြံဉာဏ်ပေးဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ တောင်ကိုရီးယားတက္ကသိုလ်တစ်ခုဖြစ်တဲ့ Sejong University က ထုတ်ပြန်ထားကြောင်း ကိုရီးယားသတင်းဌာန Korea JoongAng Daily က ဖော်ပြထားပါတယ်။


ငလျင်ဘေးဒဏ်ကြုံခဲ့ရတဲ့ဒေသတွေက ကျောင်းသားတွေကို အကြံဉာဏ်ပေးဆွေးနွေးမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးသွားမယ်လို့ Sejong တက္ကသိုလ်က ဖော်ပြထားပြီး ကျောင်းသားရဲ့အခြေခံလိုအပ်ချက်အပေါ် မူတည်ပြီး ကူညီထောက်ပံ့မှုတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြေအနေအပေါ် အကဲဖြတ်သုံးသပ်ပြီး ပညာသင်ထောက်ပံ့ကြေး ဝမ် ၅၀၀၀၀၀ (ဒေါ်လာ ၃၆၇) ကိုလည်း ထပ်ဆောင်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။


“သူတို့ရဲ့နောက်ခံအခြေအနေနဲ့ နိုင်ငံသားဖြစ်မှုကို အဓိကမထားဘဲ လုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ပညာသင်ကြားမှုကို ပိုမိုအာရုံစိုက်လေ့လာနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ”လို့ Sejong တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူကလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။


မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသားတွေကို Kyung Hee တက္ကသိုလ်နဲ့ Gachon တက္ကသိုလ်တို့ကလည်း ပညာသင်ဆုနဲ့ ငွေကြေးဆိုင်ရာထောက်ပံ့မှုတွေပေးအပ်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းက ထုတ်ပြန်ကြေညာထားပါသေးတယ်။


မြန်မာနိုင်ငံတွင်း ငလျင်ဘေးဒဏ်သင့်ဒေသတွေက ပြည်သူတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပစ္စည်းတွေကို တောင်ကိုရီးယားအစိုးရက ပေးပို့မှုတွေရှိခဲ့သလို တောင်ကိုရီးယား ရုပ်ရှင်သရုပ်ဆောင် မင်းသမီး Kim Go-eun ၊ မင်းသား Im Si-wan နဲ့ အဆိုတော် Minnie တို့ကလည်း ငွေကြေးပါဝင်လှူဒါန်းမှုတွေ ရှိခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page