တိုက်ပွဲတွေအတွင်း အမှတ် - ၁၀၀၇၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂)က ရဲဘော် ၂၃ယောက် ကျဆုံးခဲ့
- BVJ

- Jun 9
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၉၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MODလက်အောက်ခံ ကရင်နီပြည်အခြေစိုက်တပ်ရင်းတခုဖြစ်တဲ့ အမှတ် - ၁၀၀၇၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂)ဟာ တည်ထောင်ပြီး သုံးနှစ်အတွင်းမှာ ရဲဘော် ၂၃ဦးကျဆုံးခဲ့တယ်လို့ အသိပေးပါတယ်။
တပ်ရင်းအနေနဲ့ တည်ထောင်တာသုံးနှစ်အတွင်းမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်ပြီး အောင်ပွဲတွေရရှိခဲ့သလို ကျဆုံးရဲဘော် ၂၃ဦးနဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သူ ၁၂ဦးရှိတယ်လို့ မနေ့က ဇွန် ၈ရက်မှာ ထုတ်ပြန်တာပါ။
အရင်က အမှတ် ၁၀၀၁ တပ်ရင်းမှာ မိုင်ကယ်တပ်ခွဲနဲ့ ၂၁ တပ်ခွဲဆိုပြီး တပ်ခွဲနှစ်ခုရှိရာကနေ စစ်ရေးအရ ဖြန့်ကျက်ဖော်ဆောင်နိုင်ဖို့အတွက် တိုးချဲ့တပ်ရင်းသစ်အနေနဲ့ ၂၀၂၂ခုနှစ်မှာ တပ်ရင်းအမှတ် - ၁၀၀၇ ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂)ကို တိုးချဲ့ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
အခုလ ၇ရက်နေ့မှာ အမှတ် - ၁၀၀၇ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) တပ်ရင်းတိုးချဲ့ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ လုပ်ဆောင်ခဲ့ပြီး တပ်သားအသစ် (၂၀)ဦးကို ဘက်တံဆိပ် အပ်နှံခြင်းနဲ့ ကျဆုံးသူရဲကောင်းတွေကို အာဇာနည်ကုန်းမှာအလေးပြုခြင်း အခမ်းအနားလုပ်ဆောင်ခဲ့ပါတယ်။
အမှတ် - ၁၀၀၇၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂)ဟာ ရှမ်းပြည်တောင်ပိုင်း/ကရင်နီ၊ စစ်ကိုင်းစတဲ့ ရှမ်းတောင်စစ်ဒေသအတွင်းက တပ်ရင်းတခုဖြစ်ပြီး လက်ရှိမှာရှမ်း-ကရင်နီနယ်စပ်က တိုက်ပွဲအတွေအတွင်း ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။






Comments