top of page

ရဟတ်ယာဉ် ပစ်ချခံရတာမဟုတ်ဘဲ မတော်တဆပျက်ကျတာလို့ စစ်ကောင်စီဝါဒဖြန့်

  • Writer: BVJ
    BVJ
  • May 21
  • 1 min read

BVJ/မိုနာ_ မေ ၂၁၊ ၂၀၂၅


ree

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွက် စစ်ကူအင်အားလာဖြည့်တင်းတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဉ်နှစ်စင်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ပူးပေါင်းတပ်တွေက မနေ့က မေ ၂၀ရက်မှာပစ်ချနိုင်ခဲ့ပေမယ့် ရဟတ်ယာဉ်ဟာ ပစ်ချတာမဟုတ်ဘဲ ပျက်ကျတာဖြစ်တယ်လို့ စစ်ကောင်စီက ညပိုင်းမှာ ဝါဒဖြန့်ထုတ်ပြန်ပါတယ်။


ဗန်းမော်ရှေ့တန်းလုံခြုံရေးစခန်းတွေက တပ်ဖွဲ့ဝင်တွေအတွက် နေ့လယ်ပိုင်းမှာ ထောက်ပံ့ပစ္စည်းတွေသွားပို့ပြီး ပြန်ထွက်လာချိန်မှာ ရဟတ်ယာဉ်တစ်စင်းဟာ ဗန်းမော်မြို့အနောက်တောင်ဘက် မီတာ ၁၄၀၀၀ခန့်အကွာမှာ ရုတ်တရက်စက်ချို့ယွင်းပြီး မတော်တဆပျက်ကျခဲ့တာလို့ စစ်ကောင်စီက မနေ့က မေ ၂၀ရက် ညပိုင်းမှာထုတ်ပြန်ခဲ့တာပါ။


ရဟတ်ယာဉ်ပျက်ကျမှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေကြောင်းနဲ့ ပျက်ကျတဲ့နေရာတဝိုက်ကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတယ်လို့လည်း ဆိုထားပါတယ်။




KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နေ့လယ် တစ်နာရီဝန်းကျင်မှာ ဗန်းမော်မြို့ စစ်ကောင်စီ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို စစ်ကူအင်အားလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် သုံးစင်းကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်ချိန်မှာ ရဟတ်ယာဉ် နှစ်စင်းကိုထိမှန်ခဲ့ကာ တောထဲကျသွားတာဖြစ်တယ်လို့ Burma VJ ကို အတည်ပြုထားပါတယ်။


ထိမှန်ပြီးပျက်ကျသွားတဲ့ရဟတ်ယာဉ်ဟာ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် စီငန်းရွာ အနောက်ဘက်က တောထဲမှာ မနေ့ကညပိုင်းကရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်တစ်စင်းကတော့ ရွှေကူ စစ်တပ်စခန်းမှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်းကို ပျက်ကျသွားတဲ့ရဟတ်ယာဉ် ရုပ်သံဖိုင်တွေနဲ့အတူ ဒေသတွင်းသတင်းဌာနတွေကလည်း ဖော်ပြထားကြပါတယ်။


ရဟတ်ယာဉ်ပျက်ကျတဲ့နေရာကို KIA ပူးပေါင်းတပ်ဖွဲ့ဝင်တွေသွားရောက်ရှာဖွေရာမှာတော့ ရဟတ်ယာဉ် အပျက် အစီးနဲ့အတူ လေယာဉ်မှူး ကပ္ပတိန်မျိုးထက်အောင်ရဲ့ ရုပ်အ‌လောင်းကို ရှာတွေ့ခဲ့ကြောင်းကို ရုပ်သံဖိုင်တွေထဲမှာလည်း မြင်တွေ့ရပါတယ်။


ပုံစာ- စစ်ကောင်စီထောက်ပို့ရဟတ်ယာဉ် မေ ၂၀ရက်က ဗန်းမော်မြို့အတွင်း ထိမှန်ပျက်ကျသွားကျပြီးနောက် ပျက်ကျတဲ့နေရာကို KIAပူးပေါင်းတပ်များ ရောက်ရှိပြီးနောက် မြင်တွေ့ရပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page