top of page

စစ်ကောင်စီတပ်ကိုဖြတ်တိုက်ရင်း ABSDF ရဲဘော် သုံးဦး ကျဆုံး

  • Writer: BVJ
    BVJ
  • Jun 22
  • 1 min read

BVJ/ဇော်_ဇွန် ၁၉ ၊ ၂၀၂၅

ree

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ကျောင်းသားတပ်မတော်က ရဲဘော် (၃) ဦးကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၊ အမှတ် ၃ စစ်ကြောင်း (ABSDF Column -3) က ဒီနေ့ ဇွန်လ ၁၉ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။


အခုလ ဇွန် ၁၇ ရက် ညနေ ၅း၂၀ မိနစ်ခန့်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းရှိ ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ရဲဘော်ထိုက်ကြီး(ခ)သန်းထိုက်အောင်၊ ရဲဘော်ကျောင်းသားလေး(ခ) ချစ်ဇော်ဖြိုး နဲ့ ရဲဘော်ဂျိမ်းမောင်တို့ ၃ ဦး ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“ရဲဘော် ၃ ဦးကျဆုံးခဲ့ပါတယ်။ ဖြတ်တောက်ရေးတာဝန်ထမ်းဆောင်နေစဉ်မှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာပါ။ လက်ရှိအထိကတော့ စစ်ရေးတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ မသိသေးပါဘူး” လို့ ADSDF အမှတ် ၃ စစ်ကြောင်း၊ တပ်ရင်း ၁၄ တပ်ရင်းမှူး ကိုဇေယျက Burma VJ ကို ပြောပါတယ်။


ပြီးခဲ့တဲ့ဇွန်လ ၂ ရက်နေ့က စတင်ခဲ့တဲ့ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲဟာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ လေယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့ပါတယ်။


ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဦးဆောင်တိုက်ခိုက်နေတာဖြစ်ပြီး ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ အခြားမဟာမိတ်တပ်ဖွဲ့တို့နဲ့အတူ ABSDF အမှတ် ၃ စစ်ကြောင်း အမှတ် ၁၄ တပ်ရင်းအနေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page