top of page

စကစ စစ်သင်္ဘောအုပ် ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်း NUG ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Jul 23
  • 1 min read

BVJ_ဇူလိုင် ၂၂၊ ၂၀၂၅

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ စစ်သင်္ဘော ၁၇ စီး ကြားဖြတ်တိုက်ခိုက်ခံရတာကိုမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတခု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန - MODက မနေ့က ထုတ်ပြန်ပါတယ်။


အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မန္တလေးတိုင်း စစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာနကွပ်ကဲမှုနဲ့ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။


တိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ်၊ ချောင်းသလဲကျေးရွာက ကျောက်ကြီးဇာတ်ဆိပ်ကြားအနီး စစ်ကောင်စီစစ်သင်္ဘော (၁)စီး ပျက်စီးမီးလောင်ကာ (၁)စီးနစ်မြှပ်ခဲ့ပြီး (၂) စီးပျက်စီးကာ၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သလို ၂၁ ဦးလည်းဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page