ရွှေဝါရောင်ဆရာတော် အရှင်ထာဝရနဲ့ ဆွေးနွေးမှု
- BVJ
- 2 days ago
- 1 min read
ဒီနေ့ စက်တင်ဘာ၂၇ရက်နေ့ဟာ သတင်းယူရင်း ဂျပန်သတင်းထောက်ကန်ဂျီနာဂါအိ ရန်ကုန်၊ ဆူးလေလမ်းဆုံမှာပစ်သတ်ခံရတဲ့ ၁၈နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။
ဒီတွေ့ဆုံမေးမြန်းမှုဟာ အင်တာဗျူးဆိုတာထက် ရွှေဝါရောင်တော်လှန်ရေးကိုကြုံတွေ့ခဲ့ရတဲ့သူနှစ်ဦး ပြန်ဆွေးနွေးတဲ့သဘောမျိုးလို့ ပြောနိုင်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးတုန်းကလို အခုနွေဦးတော်လှန်ရေးမှာသံဃာတွေမပါတာက မဘသလှုပ်ရှားမှုအားကောင်းလာလို့ဖြစ်တယ်လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရကပြောပါတယ်။
BVJ အဖွဲ့သားကိုအောင်ကြီးဟာလည်း ဂျပန်သတင်းထောက်နာဂါအိပစ်သတ်ခံခဲ့ရတဲ့အဖြစ်အပျက်နဲ့ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုတွေကို ဗီဒီယိုမှတ်တမ်းတင်ခဲ့တဲ့ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။
BVJ ယူကျု့ချန်နယ်က ဗီဒီယိုတွေကြည့်ရူအားပေးပြီး subscribe လုပ်ပေးခဲ့ကြပါဦး။
Comments