top of page

NUCC သတင်းစာရှင်းလင်းပွဲ

  • Writer: BVJ
    BVJ
  • Feb 4
  • 1 min read

BVJ_ဖေဖော်ဝါရီ ၃၊ ၂၀၂၆

“အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကိုယ်စားလှယ်နှစ်ဦး ဖိလစ်ပိုင်မှာဆွေးနွေးခဲ့တာ အဓိကနှစ်ချက်ပါတယ်လို့ပြောနိုင်ပါတယ်။

ပထမဆုံးဆွေးနွေးတဲ့အချက်က အာဆီယံရဲ့ 5-Point Consensusမှာ actional planလို့ခေါ်တဲ့ အလုပ်ဖြစ်အောင်ဆောင်ရွက်နိုင်မယ့် အသေးစိတ်လုပ်ငန်းစဥ် တိတိကျကျမရှိနေဘူးဆိုတာရယ်၊ နောက်ဒုတိယအချက်က လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ တော်လှန်ရေးအခင်းအကျင်းမှာ NCA လမ်းကြောင်းအတိုင်း ဆက်သွားဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး NCAကိုထားခဲ့လိုက်ဖို့ဆိုတာလည်းဆွေးနွေးဖြစ်တာရှိပါတယ်”

NUCC ပြောရေးဆိုခွင့်ရှိသူ ဦးတိုးကျော်လှိုင်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) က ဒီနေ့ ဖေဖော်ဝါရီ၃ရက်နေ့မှာ ထိုင်းနိုင်ငံ၊မဲဆောက်မြို့တနေရာမှာ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ NUCCအဖွဲ့ရဲ့ရပ်တည်ချက်၊ NLD ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးအခြေအနေ၊ ဇန်နဝါရီ၁၉ရက်နေ့နဲ့ ၂၀ရက်နေ့က NUCCကိုယ်စားလှယ်နှစ်ဦး ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာဆီယံဆက်စပ်အစည်းအဝေးတက်ရောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

BVJ ယူကျူ့ချန်နယ်က ဗီဒီယိုတွေကြည့်ရှုအားပေးပြီး subscribe လုပ်ပေးခဲ့ကြပါဦးလို့ တောင်းဆိုပါရစေ...


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page