top of page

မိုးကုတ်မြို့ဗုံးကြဲတိုက်ခိုက်ခံရမှု သံဃာတပါးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံး(ရုပ်သံ)

  • Writer: BVJ
    BVJ
  • Aug 4
  • 1 min read

BVJ_သြဂုတ် ၂၊ ၂၀၂၅

မိုးကုတ်မြို့အနောက်ပိုင်း -ရဲစခန်းအနောက်ခြမ်း (ပန်းရိုးသစ်စက်အနီး) ဒီနေ့ မနက် ၈နာရီခွဲခါနီးအချိန် လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် သံဃာတပါးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးသွားပါတယ်။


ဒါ့အပြင် လူစည်ကားတဲ့နေရာမြို့လယ်ကိုဗုံးကြဲခံရတာဖြစ်တဲ့အတွက် အရပ်သား၁၃ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရတယ်လို့ TNLA တပ်နဲ့ နီးစပ်တဲ့သူက အတည်ပြုပါတယ်။


ဒီဗုံးကြဲတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်ကောင်စီက နလအအဖြစ်ပြောင်းလဲဖွဲ့စည်းပြီးနောက် မိုးကုတ်မြို့ကို ပထမဆုံးအကြိမ်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

TNLA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်ဟာ ကာလုံက ဇူလိုင်၃၁ရက်နေ့ မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရှမ်းပြည်နယ် ၁၅မြို့နယ်ထဲမှာမပါဝင်ပါဘူး။


ဗီဒီယိုခရက်ဒစ်- Mai Amm La Ngean


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page