top of page

လားရှိုးမြို့အနီးမှာ MNDAA နဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွား

  • Writer: BVJ
    BVJ
  • Jun 1
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၁ ၊ ၂၀၂၅

Photo: SSPP info (ပုံဟောင်း)
Photo: SSPP info (ပုံဟောင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ဟန်နားကျေးရွာအုပ်စု နားလိုင်ရွာအထွက်မှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေတယ်လို့ SSPP သတင်းပြန်ကြားရေး ဒီနေ့ ဇွန် ၁ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။


လားရှိုးမြို့နယ် နားလိုင်ကျေးရွာအနောက်ဘက် ပထမတစ်ကြိမ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှာ ဟန်နားကျေးရွာအနီး နောက်ထပ်တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း MNDAA ဘက် တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့တယ်လို့ ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ SSPP က ဖော်ပြထားပေမဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး MNDAA ဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။


Photo: The Kokang (ပုံဟောင်း)
Photo: The Kokang (ပုံဟောင်း)

ဒီနေ့ မွန်းလွဲ နေ့လည် ၂ နာရီဝန်းကျင်က နားလိုင်ရွာအနောက်ဘက်ကို SSPP/SSA က စစ်ကြောင်းထွက်နေချိန် ကိုးကန့်တပ်မတော် အမှတ် ၆၁၁ တပ်မ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ၄ နာရီမှာ ဟန်နားကျေးရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။


ဟန်နားကျေးရွာအနီးမှာ MNDAA က တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ရှိနေပြီး SSPP/SSA ကလည်း တပ်ရင်း ၂ ရင်းနဲ့ နယ်မြေအတွင်း လုံခြုံရေးသွားလာတာမျိုးတွေရှိနေတယ်လို့လည်း သိရပါတယ်။ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် MNDAA နဲ့ SSPP/SSA နှစ်ဖွဲ့စလုံး တပ်အင်အားဖြည့်တင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်ကလည်း သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းနေရာမှာရှိတဲ့ SSPP/SSA တပ်စခန်းတွေကိုဖယ်ရှားဖို့ MNDAA က ဖိအားပေးမှုတွေရှိခဲ့တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page