top of page

နောင်ချိုမြို့ကိုပြန်လွှဲပေးမှာမဟုတ်သလို PDFတပ်ဖွဲ့တွေကို ပြန်ဆုတ်ခိုင်းတာလည်းမရှိဘူးလို့ TNLA ငြင်းဆို

  • Writer: BVJ
    BVJ
  • Jun 10, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၁၀ ၊ ၂၀၂၅

TNLA တပ်များ (TNLA News & Information Department)
TNLA တပ်များ (TNLA News & Information Department)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေကို တပ်ပြန်ဆုတ်ဖို့နဲ့ နေရာပြောင်းရွှေ့ခိုင်းတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ငြင်းဆိုပါတယ်။


နောင်ချိုမြို့နယ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ PDF တပ်ဖွဲ့တွေကို ရက်ပိုင်းအတွင်း နေရာပြောင်းရွှေ့ပေးဖို့ TNLA က လိုက်လံပြောဆိုနေတယ်လို့ သတင်းတွေထွက်ပေါ်နေသလို နောင်ချိုမြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကောင်စီထံပြန်လွှဲပေးဖို့လုပ်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာပါ။


ဒါနဲ့ပတ်သက်ပြီး Burma VJ ရဲ့မေးမြန်းမှုကို TNLA က အခုလိုပြောပါတယ်။


“ဒီသတင်းက မမှန်ကန်ပါဘူး။ လက်ရှိအချိန်ထိ ဒီလိုမျိုး ပြောင်းရွှေ့ခိုင်းတာတို့၊ နောက်ဆုတ်ခိုင်းတာတို့ မရှိသေးပါဘူး” လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက Burma VJ ကို ဖြေကြားပါတယ်။


နောင်ချိုမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးဖို့ရှိနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး "မမှန်ကန်ပါဘူး" လို့လည်း TNLA က တုံ့ပြန်ငြင်းဆိုထားပါတယ်။


PDF တပ်ဖွဲ့တွေကို TNLA က နေရာပြောင်းရွှေ့တပ်ဆုတ်ခိုင်းမှုအပေါ် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


MDY PDFရဲ့ မနေ့ကဇွန်လ ၉ရက်နေ့ တအာင်းပြည်ကောင်စီ- TLCဖွဲ့စည်းခြင်း ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာတော့ TLCထုတ်ပြန်ကြေညာချက်ကိုကြိုဆိုပြီး MDY PDFအနေနဲ့လည်း လက်တွဲဆောင်ရွက် သွားဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။


တဖက်မှာလည်း အပစ်အခတ်ရပ်စဲဖို့ တရုတ်အစိုးရက TNLA အပေါ် ဖိအားပေးမှုတွေရှိနေပြီး စစ်ကောင်စီကလည်း သီပေါ၊ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်တို့ကို ပြန်ပေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို TNLA က မလိုက်လျောနိုင်တာကြောင့် နှစ်ဖက်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု အဆင်မပြေခဲ့ပါဘူး။


ဒါ့အပြင်နောင်ချိုမြို့နယ်အနီးက တောင်ခမ်းရွာကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီက မြေပြင်စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေသလို ဝေဟင်ကနေလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေပြီး လက်ရှိအချိန်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။


တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်မတော် (MNDAA) သိမ်းယူထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပြီးနောက်ပိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အချက်အချာကျတဲ့ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးပေါ်မှာရှိနေတဲ့ သိန္နီမြို့နဲ့ နောင်ချိုမြို့တို့ကိုလည်း စစ်ကောင်စီထံ ပြန်လွှဲပေးရမယ်ဆိုတဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page