top of page

ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ရဲဘော်တွေကို Federal Wings ဒရုန်းတပ်ဖွဲ့ တပ်သားသစ်အဖြစ် ဦးစားပေးခေါ်ယူနေ

  • Writer: Zayar Oo
    Zayar Oo
  • May 29
  • 1 min read

BVJ/ယူဂရင်း_ မေ ၂၉၊ ၂၀၂၅


ree

Federal Wings ဒရုန်းတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ဖို့အတွက် တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေပြီး တပ်သားသစ်တွေထဲမှာ တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ဆေးနားတော်လှန်ရေးရဲဘော်တွေကို နံပါတ်တစ်ဦးစားပေးခေါ်ယူမယ်လို့ မနေ့က မေ ၂၈ရက်မှာ အသိပေးကြေညာပါတယ်။


တပ်သားသစ်လျှောက်ထားသူနိုင်တွေဟာ ဦးစားပေး (၁) တော်လှန်ရေးတာဝန်တွေထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ဆေးနားတော်လှန်ရေးရဲဘော်တွေ၊

ဦးစားပေး (၂) တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တော်လှန်ရေးရဲဘော်တွေ၊ ဦးစားပေး (၃) စစ်အာဏာရှင်ကို နည်းပညာအင်အားနဲ့တော်လှန်လိုသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် Federal Wingsရဲ့ Research & Development(R&D) လုပ်ငန်းတွေပူးတွဲဆောင်ရွက်လိုတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း တပ်ဖွဲ့တခုက အနည်းဆုံး တပ်ဖွဲ့ဝင်(၃)ဦးစေလွှတ်ကာ Federal Wings မှာပူးတွဲတာဝန်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါသေးတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်တာကနေလည်း နည်းပညာတိုးတက်ပြန့်ပွားစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။


Federal Wings ဒရုန်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်တွေကို ဝေဟင်ကနေဒရုန်းနဲ့ နည်းပညာသုံးတိုက်ခိုက်နေတာဖြစ်ပြီး ကိုယ်ပိုင်ထုတ်ကုန်တွေကိုလည်း တီထွင်ဆန်းသစ်အသုံးပြုနေတဲ့ တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။


စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနဲ့အတူ ပူးပေါင်းပါဝင်နေပြီး ပြီးခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်၊ ဘလယ်ဒိုကျေးရွာအနီး စခန်းသိမ်းတိုက်ပွဲမှာလည်း အရင်ဒရုန်းတွေထက် စွမ်းအားသုံးဆပိုကောင်းတဲ့ FW Hercules – 3(FW H3) ဒရုန်းအသစ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


FW H3 ဒရုန်းအမျိုးအစားအသစ်ဟာ FW R&D တပ်ဖွဲ့ရဲ့ အနှစ်နှစ်အလလ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုဆီကနေထွက်ပေါ်လာတဲ့ အကျိုးရလဒ် နည်းပညာထုတ်ကုန်တခုဖြစ်တယ်လို့ Federal Wings က‌ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page