ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းတယ်လို့ စစ်အုပ်စုဘက်ကပြော
- BVJ

- Jul 2
- 1 min read
BVJ_ဇူလိုင် ၁၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်နေကြောင်း၊ပုံမှန်ဆေးစစ်မှုတွေပြုလုပ်ပေးနေကြောင်းကို ဇွန်လ ၃၀ ရက်နေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်အုပ်စုဘက်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ NHKသတင်းထောက်ကမေးမြန်းခဲ့တာကို စစ်အုပ်စုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကပြန်ဖြေထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်နေပါတယ်လို့ စစ်အုပ်စုဘက်ကပြောနေပေမယ့် သားငယ်ကိုထိန်လင်းရဲ့ သူ့အမေအသက်ရှင်ကြောင်း သက်သေပြပေးဖို့ Proof of Lifeတောင်းဆိုမှုကိုတော့ စစ်အုပ်စုဘက်ကတုန့်ပြန်ဖြေရှင်းတာမျိုးမပြုသေးဘဲ လျစ်လျူရှုထားဆဲဖြစ်ပါတယ်။

Comments