ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာလုပ်တဲ့ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု
- BVJ

- Jun 29
- 1 min read
ဇွန်လ၁၉ရက်နေ့က နော်ဝေနိုင်ငံ၊ဖရိုလန်းမြို့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံကလူတွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်အုပ်စုရဲ့ဖမ်းဆီးအကျဥ်းချနေရတဲ့ ၈၁ နှစ်မြောက်မွေးနေ့ရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေး AAPPရဲ့စာရင်းအရ မြန်မာနိုင်ငံအတွင်းကအကျဥ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသားနှစ်သောင်းကျော်ရှိနေဆဲဖြစ်ပါတယ်။
BVJ ယူကျု့ကတင်ဆက်နေတဲ့ ဗီဒီယိုတွေကို အောက်ပါလင့်ကတဆင့်ကြည့်ရှုအားပေးနိုင်ပါတယ်။

Comments