top of page

ငါးခိုးဖမ်းတဲ့စက်လှေကပစ်ခတ်တာကြောင့် AAအရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Sep 12
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၁, ၂၀၂၅

ရခိုင်ပင်လယ်ပြင်ရေပိုင်နက်အတွင်းကို လာရောက်ကျူးကျော်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းဘုတ်တွေကို အာရက္ခတပ်တော်-AAက သွားရောက်ဖမ်းဆီးချိန်မှာစ် အရာရှိတဦးနဲ့ ရဲဘော်တစ်ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ အာရက္ခတပ်တော်-AAဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်အတွင်းက ကိုးတန်ကောက်ကျေးရွာနဲ့ချိန်ခါလီကျေးရွားအနီး ရခိုင်ရေပိုင်အတွင်းကိုလာရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းဘုတ်အစီး (၈၀)နီးပါးထဲကို အာရက္ခတပ်တော်-AAဘက်ကလိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး ဘုတ်အစီး ၈၀ ထဲက ၅ စီးကိုသာဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။


ဖမ်းမိတဲ့ ငါးဖမ်းဘုတ် ၅ စီးထဲက တစ်စီးဟာငါးဖမ်းသမားတွေအဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ အကြမ်းဖက်သမားတွေပါဝင်ပြီး ရခိုင်ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးကိုသတ်ဖြတ်ကာ လက်နက်တွေကိုယူဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေပိုင်နက်ထဲကို ထွက်ပြေးသွားတယ်လို့လည်း အာရက္ခတပ်တော်-AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကို အာရက္ခတပ်တော်က အကြိမ်ကြိမ်ဖမ်းဆီးခဲ့တာရှိပေမယ့် နှစ်နိုင်ငံကြား နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့ ဖမ်းဆီးရမိသူတွေကို အကြိမ်ကြိမ်ပြန်လည်လွှတ်ပေးခဲ့တယ်လို့ AAဘက်က ပြောဆိုထားပါတယ်။


ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်အထိ အစုလိုက်အပြုံလိုက်ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေကိုပါသတ်ဖြတ်ခဲ့ပြီး လက်နက်လုယူသွားတာလည်းဖြစ်ပါတယ်။


အခုလိုလုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် အာရက္ခတပ်တော်-AAအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း အာရက္ခတပ်တော်AAရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဗီဒီယို - AA Info Desk


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page