top of page


ကရင်နီပြည်တခုလုံးထိန်းချုပ်နိုင်ဖို့ စစ်ရေးအကန့်အသတ်ရှိနေဟု KNDFအသိပေး
စိုးမိုးနယ်မြေတွေ ရေရှည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေ မိုနာ/BVJ_စက်တင်ဘာ ၂၊ ၂၀၂၆ လက်ရှိမှာစိုးမိုးထားတဲ့နယ်မြေတွေကို ရေရှည်တည်တံ့အောင်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးပမ်းနေပြီး ကရင်နီပြည်တခုလုံးကိုထိန်းချုပ်နိုင်ဖို့ စစ်ရေးအကန့်တွေရှိနေဦးမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက အသိပေးထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နဲ့၂၉ရက်တို့မှာ KNDFရဲ့ပထမအကြိမ်ညီလာခံကို ကရင်နီပြည်တနေရာမှာကျင်းပခဲ့ပြီးနောက် ညီလာခံထုတ်ပြန်ချက်နဲ့နိုင်ငံရေးအစီရင်ခံစာကို မနေ့က စက်တင်ဘာ ၁ရက်နေ့မှာထုတ်


မော်ချီးဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ၆ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရ
သူရ/BVJ- စက်တင်ဘာ ၁၊ ၂၀၂၆ ဒီနေ့ စက်တင်ဘာ ၁ ရက်ညနေပိုင်း ၄ နာရီ ၄၉ မိနစ်မှာ ကရင်နီ(ကယား)ပြည်၊ မော်ချီးမြို့နယ် ကျောက်ကြားရပ်ကွက်ကို လေကြောင်းကနေဗုံးကြဲခံရလို့ ၆ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက BVJကိုအတည်ပြုပါတယ်။ မော်ချီးသတ္တုတွင်း ၅၁ ခဲလုပ်ကွက်နဲ့ကပ်လျက်နေရာကို ဗုံး ၃ လုံးကြဲခံခဲ့ရတာဖြစ်ပြီး သေဆုံးတဲ့သူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ကြောင်း ဒေသခံပေးပို့ထားတဲ့ပုံတွေအရသိရပါတယ်။ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး စစ်အုပ်စုရဲ့ စခန်းသိမ်းခံရကာ


မလှိုင်မှာ အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၂ဦးအသတ်ခံရပြီးနောက် စစ်တပ်ကဒေသတွင်းတပ်စွဲနေ
မိုနာ/BVJ_စက်တင်ဘာ ၁၊ ၂၀၂၆ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ထမ္မကြီးကျေးရွာမှာ မနေ့က သြဂုတ် ၃၁ရက် မနက်အစောပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၁၂ဦးဟာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်(၄၄)နှစ်၊ ဦးမောင်သိန်း(၄၃)နှစ်၊ ဦးချစ်စမ်းမောင်(၄၄)နှစ်၊ ဦးဗိုလ်သက်လင်း(၄၀)နှစ်၊ဦးသန်းဌေးအောင်(၃၉)နှစ်၊ဦးဝေယံစိုး(၃၂)နှစ်၊ ဦးဇော်ခက်(၄၅)နှစ်၊ဦးဟိန်းဝဏ္ဏဇော်(၂၂)နှစ်၊ ဦးဝင်းနိုင် (၄၄)နှစ်၊ဦးအုန်းမောင်(၆၃)နှစ်၊ ဒေါ်ခင်မူ(၄၄)နှစ်နဲ့ဒေါ်လဲ့လဲ့ဝင်း (၄၄)


ရန်ကုန်UGတပ်ဖွဲ့ God’s Hand Forcesအဖွဲ့ခေါင်းဆောင် ပဲခူးတိုင်းစစ်ဆင်ရေးနယ်မြေမှာ ကျဆုံး
ယူဂရင်း/BVJ_သြဂုတ် ၃၁၊ ၂၀၂၆ ဒေါပုံ ဗကသ ၊ သာကေတ သပိတ်ကော်မတီနဲ့အတူ GHFရဲဘော်တွေ ရန်ကုန်မှာ ၂၀၂၂ခုနှစ်ကလှုပ်ရှားမှုပြုလုပ်ခဲ့ပုံ။(ဓါတ်ပုံ-GHF) ရန်ကုန်မှာ စစ်ဆင်ရေးတွေလှုပ်ရှားနေတဲ့UGတပ်ဖွဲ့တစ်ခုဖြစ်တဲ့ God’s Hand Forcesအဖွဲ့ရဲ့တာဝန်ခံခေါင်းဆောင် ကိုမြင့်ဇော်စိုး (ခ)ကဗျာဆရာမောင်မိုးမြင့်(တာယာ)ဟာ အခုလသြဂုတ် ၂၅ရက် မနက်တစ်နာရီအချိန်မှာ ပဲခူးတိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေတခုမှာ (၉၆)ပါးရောဂါနဲ့ကျဆုံးသွားခဲ့တယ်လို့ ရဲဘော်၊ရဲဘက်တွေနဲ့သက်ဆိုင်သူတွေကို အဖွဲ့ကအသိပေးလာပါတယ်။ "God’s Hand Forc


ကရင်နီခေါင်းဆောင်ဦးအောင်ဆန်းမြင့်ကွယ်လွန်မှုအပေါ် NUCC၊NUGအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ ဝမ်းနည်းကြောင်းသဝဏ်လွှာပို့
ကရင်နီပြည်နိုင်ငံရေးအပြောင်းအလဲအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဟုဖော်ပြ မိုနာ/BVJ_သြဂုတ် ၃၁၊ ၂၀၂၆ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်ဆန်းမြင့်ဟာ မနေ့က သြဂုတ် ၃၀ရက်မှာကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့နိုင်ငံရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်းသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်လာကြပ


ရွှေကူမြို့တိုက်ပွဲမှာ စစ်အုပ်စုက ကလက်စတာဗုံးတွေအသုံးပြုနေတယ်လို့ ဒေသခံတွေကအတည်ပြု
သူရ/BVJ_သြဂုတ် ၂၉၊ ၂၀၂၆ လတ်တလောတိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့ပတ်ဝန်းကျင်ကကျေးရွာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ ကလက်စတာဗုံး (Cluster Bomb)တွေကိုအသုံးပြုနေတယ်လို့ ဒေသခံတွေက ပုံတွေနဲ့တကွထုတ်ဖော်ပြောဆိုနေကြပါတယ်။ အဲ့ဒီဗုံးတွေဟာ မြန်မာစစ်တပ်ရဲ့လေတပ်ကအသုံးပြုနေတဲ့ Cluster Bomb တွေဖြစ်ကြောင်း မြန်မာပြည်တွင်းစစ်မှာသုံးနေတဲ့ လက်နက်အမျိုးအစားတွေကို လေ့လာသုံးသပ်ဖော်ပြနေတဲ့ Tactical Raptor 2.0 ပေ့ချ်က တာဝန်ရှိသူတစ်ဦးကလည်း BVJကိုအတည်ပြုပေးပါတယ်။ ရွှေ


အမေရိကန်စစ်သား ၅၀၀၀ ပါဝင်တဲ့သင်္ဘောအုပ်စု ထိုင်းနိုင်ငံကိုရောက်ရှိ
ယူဂရင်း/BVJ_စက်တင်ဘာ ၂၊ ၂၀၂၆ အမေရိကန်ရေတပ် USS Abraham Lincoln (CVN-72)ဦးဆောင်တဲ့ လေယာဉ်တင်တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာ ထိုင်းနိုင်ငံ၊ Laem Chabang (လဲမ်ချဘန်) ဆိပ်ကမ်းကို ဒီနေ့ စက်တင်ဘာ ၂ရက်မနက်မှာ ရောက်ရှိဆိုက်ကပ်လာပါတယ်။ အခုဆိုက်ကပ်လာတဲ့ သင်္ဘောအုပ်စုတွေထဲမှာ လေယာဉ်တင်သင်္ဘော၊ ဒုံးကျည်တပ်ဖျက်သင်္ဘော၊ လေယာဉ်တင်သင်္ဘောတပ်ဖွဲ့နဲ့လေကြောင်းတပ်ဖွဲ့ဝင်တွေပါဝင်ပြီး အမေရိကန်စစ်သား အယောက် ၅၀၀၀နီးပါးပါဝင်လာတာကြောင့် ဒီပေါ်မှာစိတ်ဝင်မှုများပြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။..


လေယာဉ်ကွင်းဒရုန်းတိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားရှိတယ်လို့ ဂျာမနီစွပ်စွဲ
နီသွင်/BVJ_စက်တင်ဘာ ၁၊ ၂၀၂၆ လိုက်ပ်ဇစ်လေဆိပ်ရှိ ယူကရိန်းကုန်တင်လေယာဉ်အနီးတွင် ပေါက်ကွဲစေတတ်သောဒရုန်းတစ်စင်းကို ပြီးခဲ့တဲ့လကတွေ့ရှိခဲ့စဥ်။ လွန်ခဲ့တဲ့လက လိုက်ပ်ဇစ် (Leipzig)လေယာဉ်ကွင်းမှာဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံတာဝန်ရှိကြောင်း ဂျာမနီနိုင်ငံကပြောကြားလိုက်ပါတယ်။ ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိ လိုက်ပ်ဇစ်/ဟယ်လေ (Leipzig/Halle) လေယာဉ်ကွင်းမှာ ယူကရိန်းကုန်တင်လေယာဉ်တွေနဲ့အနီးအနားမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေတင်ဆောင်ထားတဲ့ ဒရုန်းတစ်စင်းကို ဩဂုတ်လ ၄ ရက်နေ့ကတွေ


တရုတ်အစိုးရ ဖိအားပေးမှုကြောင့် ပိတ်လိုက်ရတဲ့ ဟောင်ကောင်က စာအုပ်ဆိုင်လေး
သူရ / BVJ ဒီနေ့ ဟောင်ကောင်မှာ လွတ်လပ်တဲ့ စာအုပ်ဆိုင်လေး တစ်ဆိုင် မပိတ်ခင် လူတွေ တန်းစီပြီး နှုတ်ဆက်နေကြပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ နိုင်ငံတော်ပုန်ကန်မှုကို လှုံ့ဆော်တဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရအမိန့်အရ ရဲတွေ ဝင်ရောက်စီးနင်းခံခဲ့ရပြီးနောက်၊ ဆိုင်ရှင်တွေက "လုပ်ငန်းလည်ပတ်မှု အခြေအနေ မကောင်းတော့လို့" ဆိုပြီး တနင်္ဂနွေနေ့မှာ ဆိုင်ပိတ်ဖို့ လုပ်ခဲ့ကြတာပါ။ ဟောင်ကောင်ရဲ့ ကော့လွန် (Kowloon) ရပ်ကွက်မှာရှိတဲ့ "Have a Nice Stay" လို့ခေါ်တဲ့ အဲဒီစာ


နော်ဝေဘုရင် ဟာရယ်ဒ် (Harald) အသက် ၈၉ နှစ်မှာကွယ်လွန်
နီသွင်/BVJ_သြဂုတ် ၂၈၊ ၂၀၂၆ ရှားပါးသွေးရောဂါနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ နော်ဝေဘုရင် ဟာရယ် (၅) ဟာ အသက် ၈၉ နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။ အော်စလိုမြို့ရှိ နန်းတော်က ဘုရင်ကြီးဟာ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၀၆:၃၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၄:၃၅ နာရီ) မှာ အော်စလိုမြို့ရှိ နိုင်ငံတော်ဆေးရုံကြီးမှာ ငြိမ်းချမ်းစွာအနိစ္စရောက်သွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ နန်းတော်ခေါင်မိုးပေါ်က ဘုရင့်အလံကိုလည်း တိုင်ဝက် လျှော့ချစိုက်ထူထားပါတယ်။ ဘုရင်ကြီး မကွယ်လွန်မီ


နီပေါရေကြီးမှု သေဆုံးသူ ၆၃၃ ဦးအထိမြင့်တက်လာပြီး လူပေါင်း ၃,၀၀၀ နီးပါးလောက်ပျောက်ဆုံးနေဆဲ
အီးကေ/BVJ_သြဂုတ် ၂၉၊ ၂၀၂၆ နူဝါကော့ခရိုင်ရှိ ထရီရှူလီမြို့မှာ ရုတ်ရက်ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း ဒဏ်ရာရရှိသူတစ်ဦးကို တပ်မတော်သားများ သယ်ဆောင်နေစဉ် တာဝန်ရှိသူတွေ စနေနေ့မှာထုတ်ပြန်ချက်အရ နီပေါနဲ့တိဘက်နှစ်နိုင်ငံပေါင်း သေဆုံးသူ စုစုပေါင်း ၆၃၃ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားဖူးတွေအပါအဝင် လူပေါင်း ၃,၀၀၀ နီးပါးလောက်ဟာ နှစ်နိုင်ငံစလုံးမှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ရေကြီးမြေပြိုမှုဒဏ်ကြောင့်မျောပါသွားကြတဲ့ ရုပ်အလ


နီပေါနိုင်ငံ Trishuli-3Aရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာပိတ်မိနေတဲ့ လူရာပေါင်းများစွာကိုကယ်တင်နိုင်ဖို့ကြိုးစားနေ
နီသွင်/BVJ_သြဂုတ် ၃၁၊ ၂၀၂၆ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် Trishuli 3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့ ကြိုးစားနေတဲ့ကယ်ဆယ်ရေးလုပ်သားများ။ ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် နီပေါနိုင်ငံ Trishuli-3A ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာပိတ်မိနေတဲ့ လူရာပေါင်းများစွာကိုကယ်ထုတ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကိုပိုမိုတိုးမြှင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း နီပေါအစိုးရကပြောပါတယ်။ တရုတ်နဲ့အိန္ဒ

06:53

01:50

02:56

08:31

04:22

06:27

05:35

16:08
bottom of page












