top of page

UFCကမ္ဘာ့ချန်ပီယံ Joshua Van မလေးရှားရောက်ပြီ

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

BVJ_မေ ၂၅၊ ၂၀၂၆

UFC ဖလိုင်းဝိတ်တန်းကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Vanဟာ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူလေဆိပ်ကို ဒီနေ့ညနေပိုင်းမှာရောက်ရှိလာပါတယ်။


မလေးရှားနိုင်ငံကို အဆိုတော်ဖြူဖြူကျော်သိန်းလည်းရှောက်ရှိနေပြီး ဒီနေ့ည ကျင်းပမယ့် ကွာလာလမ်ပူမြို့ ICC Pudu, Hallခန်းမမှာ Joshua Vanနဲ့ ဖြူဖြူကျော်သိန်းတို့ရဲ့ အထူးပရိတ်သတ်တွေ့ဆုံပွဲရှိတယ်လို့သိရပါတယ်။


မေလ ၂၇ ရက်နေ့မှာကျင်းပပြုလုပ်မယ့် မလေးရှား Chin Refugee Committee -CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားမှာ ကမ္ဘာကျော်ချင်းဖိုက်တာ Joshua Vanဟာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ပါတယ်။


မလေးရှားနိုင်ငံဟာ အမေရိကန်ကိုအခြေမချခင်မှာ Joshua Vanက ဒုက္ခသည်အဖြစ်နေထိုင်ခဲ့တဲ့နိုင်ငံဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ချင်းဖိုက်တာ Joshua Vanဟာမလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ခရက်ဒစ် - The Voice of Chinland - VOC

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page