ဂမ်ဘီယာဘက်က နောက်ဆုံးပိတ်လျှောက်လဲချက်တင်သွင်း
- BVJ

- Jan 28
- 1 min read
BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ ဂမ်ဘီယာဘက်က ဒီကနေ့မှာနောက်ဆုံးပိတ်လျှောက်လဲချက်တင်သွင်းခဲ့တာမှာ မြန်မာနိုင်ငံဟာဂျီနိုဆိုက် ကျူးလွန်တဲ့အတွက် အရေးယူဖို့လိုအပ်တဲ့တောင်းဆိုချက်တွေ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Mr. Dawda A. Jallow က တင်ပြသွားခဲ့ပါတယ်။
မြန်မာစစ်တပ်ကိုယ်စားလှယ်ပြောခဲ့တဲ့အမည်းစက်ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းကသာ အစွန်းအထင်းကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး အမှန်တရားနဲ့တာဝန်ယူမှုရှိခြင်းအားဖြင့်သာ အဲဒီအစွန်းအထင်းကိုဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျယ်လိုက ဒီကနေ့ ဇန်နဝါရီလ ၂၇ရက်အပြီးသတ်လျောက်လဲချက်ထဲမှာ ထည့်သွင်းပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်ကအကြမ်းဖက်အုပ်ချုပ်နေတဲ့ သံသရာကနေ လွတ်မြောက်ဖို့အတွက် အမှန်တရားနဲ့တာဝန်ခံမှုရှိမှဖြစ်မယ်လို့လည်း ဂမ်ဘီယာကိုယ်စားလှယ်ကပြောပါတယ်။ ဂမ်ဘီယာဘက်က အပြီးသတ်တင်ပြသွားခဲ့ပြီဖြစ်လို့ မနက်ဖြန် ဇန်နဝါရီ ၂၈နဲ့ သဘက်ခါ ၂၉ ရက်နေ့တွေမှာ မြန်မာဘက်ကနောက်ဆုံးပိတ်ပြန်လည်လျှောက်လဲရမှာ ဖြစ်ပါတယ်။
BVJယူကျူ့ချန်နယ်က ဗီဒီယိုတွေကြည့်ရှုအားပေးပြီး subscribeလုပ်ပေးခဲ့ပါလို့ တောင်းဆိုပါရစေ...




Comments