top of page

ဖမ်းဆီးခံထားရတဲ့ PNLA စစ်သုံ့ပန်းတွေကို စစ်ကောင်စီနဲ့ PNO ပစ်သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာ

  • Writer: BVJ
    BVJ
  • Jun 1, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၁ ၊ ၂၀၂၅


စစ််ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့က PNLA စစ်သုံ့ပန်းတွေကို ပစ်သတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို PNLA က ထုတ်ပြန်ထားစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်သတ်ခဲ့တဲ့ဗီဒီယိုဖိုင်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ရရှိထားတယ်လို့ သိရပါတယ်။


ဖမ်းဆီးခံထားရတဲ့ PNLA တပ်ဖွဲ့ဝင်ရဲဘော် စစ်သုံ့ပန်း ၄ ဦးကို လက်ပြန်ကြိုးတုပ်ထားချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ PNO တပ်ဖွဲ့က အနောက်ကနေ သေနတ်နဲ့ပစ်သတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက် ဆီဆိုင်မြို့ ထီစုံကျေးရွာအနီး တိုက်ပွဲအတွင်းမှာ PNLA တပ်ဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီနဲ့ PNO က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်မှာ နှိပ်စက်သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။


“အခု ကျွန်တော်တို့ရတဲ့ ဗီဒီယိုက အဲ့ဒီဖြစ်စဉ်ပါပဲ။ သူတို့က ၅ ယောက်ကို တပြိုင်တည်းထဲသတ်တာတော့ မဟုတ်ဘူး။ တစ်ယောက်ကို တခြားနေရာမှာ သတ်တယ်၊ ၄ ယောက်ကို ဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲ။ သူတို့က ကျွန်တော်တို့လူကို ပစ်သတ်ထားတယ်။ ဒီဗီဒီယိုထဲမှာက နောက်ကနေ ပစ်တဲ့သူက စစ်ကောင်စီဝတ်စုံကိုဝတ်ထားတဲ့လူဆိုပေမဲ့ ကျွန်တော်တို့ သိရှိထားမှုနဲ့ စစ်သုံ့ပန်းတွေရဲ့ထွက်ဆိုမှုအရ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အတူတူပစ်သတ်ခဲ့တယ်လို့ ကျွန်တော်တို့ သတင်းအတိအကျရပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ရိန်းယံက Burma VJ ကို ပြောပါတယ်။


ပုံစာ - စစ်ကောင်စီတပ်နဲ့ PNO ပစ်သတ်ခဲ့တဲ့ PNLA တပ်ဖွဲ့ဝင်အချို့
ပုံစာ - စစ်ကောင်စီတပ်နဲ့ PNO ပစ်သတ်ခဲ့တဲ့ PNLA တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ PNO တပ်ဖွဲ့ဝင်တွေကို PNLA က ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာမျိုး မလုပ်ဆောင်ခဲ့ဘူးလို့လည်း သိရပါတယ်။


“PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ ဗိုလ်မှူးအဆင့်ထိ ဖမ်းမိတာရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုး ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်တာမျိုး တစ်ခါမှ မလုပ်ခဲ့ဘူး။ ကျွန်တော်တို့ စစ်သုံ့ပန်းဥပဒေနဲ့အညီပဲ ထိန်းသိမ်းထားတယ်။ ကျွန်တော်တို့ ဖမ်းမိတဲ့ PNO ပြည်သူ့စစ် စစ်သုံ့ပန်းတွေဆိုရင် ပအို့ဝ်စာပေယဉ်ကျေးမှုဗဟိုကသော်လည်းကောင်း၊ ပအို့ဝ်ရဟန်းသံဃာတော်အဖွဲ့ကသော်လည်းကောင်း မေတ္တာရပ်ခံလာလို့ ကျွန်တော်တို့က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့လူတွေလည်း ရှိပါတယ်” လို့ ခွန်းရိန်ယံက ပြောပါတယ်။


အခုနှစ် ဇန်နဝါရီ ၁၂ ရက်က ဆီဆိုင်မြို့နယ် ထီစုံကျေးရွာကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာချိန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PNO ပြည်သူ့စစ်အဖွဲ့က စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၂၀ သေဆုံးခဲ့ပါတယ်။


ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ လူမျိုးစုအချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမဟုတ်ဘဲ စစ်အာဏာရှင်ပြုတ်ကျရေးကို နိုင်ငံတစ်ဝန်း လုပ်ဆောင်နေချိန်ဖြစ်တာမို့ စစ်အာဏာရှင်အတွက် အကျိုးဖြစ်မယ့် လုပ်ရပ်တွေကို မလုပ်ဆောင်ကြဖို့ကိုလည်း ခွန်းရိန်းယံက ဆက်ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page