“တရုတ်ရဲ့မီးစိမ်းပြမှုမပါဘဲ ကိုးကန့်ကTNLAကိုတိုက်မှာမဟုတ်ဘူး”
- BVJ

- Mar 16
- 1 min read
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းတပ်TNLAရဲ့တပ်စခန်းအားလုံးကို MNDAA ကိုးကန့်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တမြို့လုံးနီးပါးကိုထိန်းချုပ်ထားပြီလို့ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ တရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျွင်းဟာ နေပြည်တော်ရောက်ရှိနေတဲ့အတွက် ကွတ်ခိုင်မြို့ကိုသိမ်းပိုက်ဖို့ ကိုးကန့်တပ်အနေနဲ့တရုတ်ဆီကမီးစိမ်းပြမှုရရှိထားတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုရဲ့ ကွတ်ခိုင်မြို့တိုက်ပွဲနဲ့ပတ်သက်တဲ့သုံးသပ်မှု အင်တာဗျူးအပြည့်အစုံကို ဒီလင့် https://tinyurl.com/bdh8p735 ကိုနှိပ်ပြီးကြည့်ရူအားပေးနိုင်ပါပြီ။

Comments