UFCဖလိုင်းဝိတ်ချန်ပီယံ Joshua Van မီဇိုရမ်ဒုက္ခသည်စခန်းကိုသွားရောက်လည်ပတ်
- BVJ

- Jun 1
- 1 min read
BVJ_မေ ၂၉၊ ၂၀၂၆
UFCဖလိုင်းဝိတ်ချန်ပီယံ Joshua Vanဟာ ဒီနေ့ မေလ၂၉ရက်နေ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊အိုင်းဇော်လ်ခရိုင်ထဲက Sihhmui ဒုက္ခသည်စခန်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
ချင်းပြည်နယ်၊ဟားခါးမြို့မှာမွေးဖွားခဲ့တဲ့ ချင်းလူမျိုး Joshua Vanဟာ စစ်ပြေးဒုက္ခသည်ဘဝကနေ UFC ဖလိုင်းဝိတ်ချန်ပီယံဖြစ်လာတဲ့သူပါ။ အခုသူ့ရဲ့ ခရီးစဥ်အတွင်းမှာ သူ ၂၀၁၃ခုနှစ်၊အမေရိကန်နိုင်ငံကိုမပြောင်းရွှေ့ခင်ကတက်ခဲ့တဲ့ မလေးရှားနိုင်ငံကကျောင်း၊သူနေခဲ့ရတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက စစ်ရှောင်စခန်းတွေကို လည်ပတ်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဗီဒီယိုခရက်ဒစ်- Aidak Thlang

Comments