သင်္ကြန်အကြတ်နေ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှု သေဆုံးသူတွေထဲ မိသားစုဝင် ၃ ဦးပါဝင်
- BVJ
- Apr 24
- 1 min read
BVJ/အေတီ _ ဧပြီ ၁၆ ၊ ၂၀၂၅

သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ ကရင်ပြည်နယ် ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်း ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ဒါ့အပြင် သံဃာ ၄ ပါးအပါအဝင် ၂၀ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးတဲ့သူတွေထဲ မိသားစုဝင် ၃ ဦး ပါသွားတယ်လို့ သိရပြီး ကျုံဒိုးမြို့ဇာတိ မရတနာက ပုံနဲ့တကွ သူ့ရဲ့ ဖေ့စ်ဘုခ်စာမျက်နှာပေါ်မှာ အတည်ပြုထားပါတယ်။ အခင်းဖြစ်တဲ့အချိန် မရတနာ ရန်ကုန်မှာ ရှိနေတယ်လို့ သိရပါတယ်။
"မိသားစု၃ယောက်လုံး ဆုံးရှုံးလိုက်ရတဲ့ ဒီနေ့ကို ဘယ်တော့မှမမေ့ဘူး။ ကူညီပေးတဲ့သူ တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ စစ်ဘေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေ” လို့ ဖော် ပြထားပါတယ်။
မရတနာဝန်းရံ ဖေ့စ်ဘုခ်မှာ ဖော်ပြချက်အရ ဘုန်းကြီးကျောင်းမှာ ဥပုသ်လာစောင့်တဲ့ သူ့ အဖွား၊ သူ့ညီမအရင်းနဲ့ တူမတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်အသေးစိတ်ကို သေသေချာချာ ထပ်သိနိုင်ဖို့ မရတနာ ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ကမ်းနီကျေးရွာ ဘုန်းကြီး ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး၊ ပရိုဘောက်ကားတစ်စီးထိမှန်ခဲ့တာကြောင့် ကားမောင်းသူအပါအဝင် ကားပေါ်မှာပါလာတဲ့ အရပ်သားတွေသေဆုံးခဲ့ပါတယ်။
သူရဲ့ မိသားစုဝင်၃ဦးဟာ ဘုန်းကြီးကျောင်းက ထွက်တဲ့အချိန် ဗုံးကြဲတိုက်ခိုက်မှုနဲ့ကြုံရတဲ့အတွက် ကားနဲ့ ကားကို တိုက်ရိုက်ဗုံးမှန်ပြီး သေဆုံးရတာလို့ မရတနာက ဖေ့စ်ဘုခ်မှာ အတည်ပြုထားပါတယ်။
အလားတူ သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၃ နာရီခန့်မှာ ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်၊ သောင် တန်းရွာကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ ကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက တဆင့် သိရပါတယ်။
Comments