top of page

စစ်ကောင်စီလွတ်ငြိမ်းထဲတွင် ကနဦးကောက်ယူထားတဲ့စာရင်းများအရ နိုင်ကျဉ်းအနည်းငယ်သာ ပါဝင်နေ

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ_ဧပြီ ၁၇ ၊ ၂၀၂၅


အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) Photo: CJ
အင်းစိန်အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) Photo: CJ

ဒီနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား၊ အကျဉ်းသူ ၄၈၀၀ ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အနည်းငယ်သာရှိနေသေးကြောင်း PPNM က ကနဦးကောက်ယူထားစာရင်းများအရ သိရပါတယ်။


မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား/သူ ၄၈၉၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နေ့လည် ၁ နာရီအချိန်ထိ ကောက်ယူထားတဲ့စာရင်းများအရ နိုင်ငံရေးအကျဉ်း ၂၂ ဦးခန့်သာ ပြန်လည်လွတ်မြောက်လာပါသေးတယ်။


နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်းကို PPNM က ကနဦးကောက်ယူထားချိန် ပဲခူးတိုင်း ပေါင်းတည်အကျဉ်းထောင်က ၂ ဦး၊ ပြည်အကျဉ်းထောင်က ၉ ဦး၊ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်က ၂ ဦး၊ မကွေးတိုင်း ပခုက္ကူအကျဉ်းထောင်က ၅ ဦးနဲ့ မန္တလေးတိုင်း ညောင်ဦးအကျဉ်းထောင်က ၄ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။


စစ်ကောင်စီကိုဝေဖန်လို့ ၂၀၂၃ မတ်လ ၂၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ စတီး (ဒွေးမေတ္တာ) လည်း ဖမ်းဆီးခံရပြီး တစ်နှစ်ကျော်အကြာမှာ အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီက လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်လာပါတယ်။ စစ်ကောင်စီ ပြုလုပ်တဲ့ အကယ်ဒမီပေးပွဲဟာ အဆင့်အတန်းမရှိကြောင်း ဒါရိုက်တာစတီးက ဝေဖန်ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲမှာ အကျဉ်းကျခံနေရသူတွေရဲ့ ကျန်ရှိပြစ်ဒဏ် ၆ ပုံ ၁ ပုံကိုသာ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခွဲမှုဥပဒေအရ ပြစ်မှုတွေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတို့နဲ့ မတရား ဖမ်းဆီးခံထားရသူတွေကိုတော့ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် မပေးခဲ့ပါဘူး။

Commentaires


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page