top of page

ချာလီကာ့ခ်ကိုသတ်တယ်လို့ သံသယရှိတဲ့သူကို အက်ဖ်ဘီအိုင်ကဖမ်းမိထားပြီ

  • Writer: BVJ
    BVJ
  • Sep 15
  • 1 min read

Burma VJ

ree

အက်ဖ်ဘီအိုင်က ချာလီကာ့ခ်ကိုသတ်တဲ့သူကို ဖမ်းမိထားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Fox Newsသတင်းဌာနကို ပြီးခဲ့တဲ့နာရီပိုင်းက ပြောပါတယ်။


ဖမ်းမိထားတဲ့သူအကြောင်း အသေးစိတ်ရှင်းပြဖို့ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲတစ်ခုကိုလည်း အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှုး ကာ့စ်ပါတယ်လ်နဲ့ အူတာမြို့တာဝန်ရှိသူတို့က ပြင်ဆင်ထားပါတယ်။


သတင်းစာရှင်းလင်းပွဲလုပ်မယ့်ခန်းမထဲကို နိုင်ငံတက သတင်းထောက်တွေရောက်ရှိနေပြီး တာဝန်ရှိတဲ့သူတွေကို စောင့်ဆိုင်းနေကြပါတယ်။


အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးနဲ့ အူတာပြည်နယ်အုပ်ချုပ်ရေးမှုးတို့ဦးဆောင်ပြီး ချားလ်ကာ့ခ်ကို သတ်တဲ့လူသတ်သမားကို ဘယ်လိုဖမ်းဆီးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်နေပါပြီ။


နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီကာခ့်ကိုသတ်တယ်လို့ သံသယနဲ့သူတို့ဖမ်းထားတဲ့သူက အသက်၂၂နှစ် အရွယ် Tyler Robinson တိုင်လာရောဘင်ဆင်ဖြစ်တယ်လို့ တာဝန်ရှိတဲ့သူတွေက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောပါတယ်။


လက်ရှိမှာ တိုင်လာရောဘင်ဆင်ကို ယူတာကောင်တီထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်ပြီး စစ်ဆေးမေးမြန်းနေဆဲလို့ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှုး ကာ့စ်ပါတယ်လ်က ပြောပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page