top of page

ကျောက်တော်စာသင်ကျောင်း ဗုံးကြဲခံမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေ IIMMအဖွဲ့စုဆောင်းနေ

  • Writer: BVJ
    BVJ
  • Sep 17
  • 1 min read

BVJ/ ဂျိုး_စက်တင်ဘာ ၁၆၊ ၂၀၂၅

စက်တင်ဘာ၁၂ရက်နေ့က ဗုံးကြဲခံရပြီး ကျောင်းသား ကျောင်းသူ ၂၀ဦးသေဆုံးခဲ့တဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက ပညာပျိုးခင်းကိုယ်ပိုင်စာသင်ကျောင်း။
စက်တင်ဘာ၁၂ရက်နေ့က ဗုံးကြဲခံရပြီး ကျောင်းသား ကျောင်းသူ ၂၀ဦးသေဆုံးခဲ့တဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက ပညာပျိုးခင်းကိုယ်ပိုင်စာသင်ကျောင်း။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာက ပညာပျိုးခင်းကိုယ်ပိုင်စာသင်ကျောင်းလေကြောင်းဗုံးကြဲမှုအပါအဝင် တခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေတဲ့အချက်အလက်တွေကို စုံစမ်းမေးမြန်းစုဆောင်းနေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။


“ထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးတာတွေ လေကြောင်းတိုက်ခိုက်မှုမှာအသုံးပြုတဲ့ လေယာဉ်နဲ့ လက်နက်ခဲယမ်းအမျိုးအစားတွေ ထိခိုက်နစ်နာသူတွေရဲ့အချက်အလက်တွေနဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့လေယာဉ်မှူးနဲ့ အမိန့်ပေးအပ်ခံရတဲ့ အချက်အလက်တွေပါဝင်တယ်”လို့IIMMက ဆိုထားပါတယ်။


ဒီအချက်အလက်တွေကို လက်ဝယ်ရရှိထားသူတွေအပါအဝင် မျက်မြင်ကြုံတွေ့ခဲ့ရသူတွေအနေနဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMထံပေးပို့ကြဖို့ တောင်းဆိုထားတာလည်းဖြစ်ပါတယ်။


ကျောက်တော်မြို့ သရက်တပင်ကျေးရွာ ပညာပန်းခင်း စာသင်ကျောင်းကိုစစ်ကောင်စီကပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်နေ့ ညသန်းခေါင် တစ်နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းသား/ကျောင်းသူ ၂၀ ဦးသေဆုံးပြီးတော့ ၂၂ ဦးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။


အခုလို ကျောင်းသားကျောင်းသူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းတွေကို ဆိုးဝါးစွာတိုက်ခိုက်မှုတွေထဲကတခုအပါအဝင်ဖြစ်ပြီး တိုက်ခိုက်မှုတွေ၊သတ်ဖြတ်မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်ကအရပ်သားလူမျိုးစုတွေအားလုံးအတွက်ဒုက္ခပိုများစေတယ်လို့လည်း IIMM ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


IIMMအဖွဲ့ ကို ၂၀၁၈ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီလက်အောက်ခံအဖွဲ့တစ်ခုအဖြစ်တည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page