top of page

သေပြီးမှ လွတ်ငြိမ်းနဲ့အလောင်းထုတ်ပေးလိုက်တဲ့ တကသကျောင်းသူရဲ့စျာပန အနီးကပ်စောင့်ကြည့်မှုတွေကြားထဲက ကျင်းပခဲ့ရ

  • Writer: BVJ
    BVJ
  • Jul 22
  • 1 min read

အောင်ထွန်း/BVJ _ ဇူလိုင် ၂၂၊ ၂၀၂၅

ree
ree

စစ်ကြောရေး ကာလ နှိပ်စက်မှု ဒဏ်တွေနဲ့ ထောင်တွင်း အခြေအနေတွေကြောင့် ဆေးကုသမှု လုံလောက်စွာမရဘဲသေဆုံးခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်းမဝတ်ရည်အောင်ရဲ့ စျာပနကို ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့ ရေဝေးသုဿန်မှာကျင်းပခဲ့ပါတယ်။

ree
ree
ree

ကွယ်လွယ်ချိန်မှာ အသက် ၂၆နှစ် အရွယ်ရှိပြီဖြစ်တဲ့ မဝတ်ရည်အောင်ကို အင်းစိန်ထောင်ကနေ အင်းစိန်ဆေးရုံဘက်ကို ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဆေးရုံရောက်ပြီးနာရီပိုင်းအတွင်းမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ree
ree
ree

အရပ်ဝတ်နဲ့လုံခြုံရေးအဖွဲ့ဝင်တွေက စျာပန အခမ်းအနားထဲထိ အနီးကပ်ဝင်ရောက်ပြီးလာရောက်သူတွေကို မှတ်တမ်းတင်တာတွေလုပ်ခဲ့ပါတယ်။

ree
ree
ree

မဝတ်ရည်အောင် ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ရက်နေ့မှာ စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) ၊ ပုဒ်မ ၅၂ (က)တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။


Photo by BVJ/NH


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page