top of page

CNF ဗဟိုကော်မတီဝင်/ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်

  • Writer: BVJ
    BVJ
  • Jun 24
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၂၄ ၊ ၂၀၂၅

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင်နဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး Biak Ling (Photo: CNF)
ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင်နဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး Biak Ling (Photo: CNF)

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ဒုတိယစစ်ဦးစီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး Biak Ling ဟာ အခု ဇွန်လ ၂၂ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံက သိရပါတယ်။


ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ချိန် အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ဆီးချိုရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေးကာလတလျှောက် ဝါရင့်တော်လှန်ရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို သူ့ရဲ့ဘဝတစ်ဝက်ကျော်ကိုလည်း တော်လှန်ရေးထဲမှာ မြှုပ်နှံခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။


“၉၆ ပါးသော ရောဂါကြောင့်ပါ။ အဓိက ဆီးချို ပေါ့။ ဗိုလ်မှူးကြီးက ၁၉၈၈ ကတည်းကနေ ကွယ်လွန်တဲ့အထိ သူ့ဘဝရဲ့ တဝက်ကျော်ကို တော်လှန်ရေးမှာ မြှုပ်နှံထားသူပါ။ ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုကော်မတီဝင် နဲ့ ချင်းအမျိုးသားတပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အမျိုးသားရေးစိတ်ဓါတ်ခိုင်မာတဲ့သူပါ”လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Burma VJ ကို ပြောပါတယ်။


CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခဲ့တဲ့အပေါ် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း မနေ့ ဇွန် ၂၃ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ ထုတ်ပြန်ထားပြီး အရေးကြီးတဲ့ တော်လှန်ရေးတာဝန်တွေကို ဦးထိပ်ထားကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားသွားတဲ့အပေါ် KIO ဗဟိုကော်မတီ၊ KIO တပ်ဖွဲ့ဝင်တွေက လေးစားဂုဏ်ယူ ဂါရဝပြုအပ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်မှာ ဝါရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခဲ့တာဟာ CNF အတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သလို KIO ကလည်း တန်ဖိုးရှိတဲ့ ခေါင်းဆောင်တပ်မှူးတစ်ဦး ဆုံးရှုံးရခြင်းအဖြစ် အလေးအနက်ထား ဦးညွှတ်ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။


ချင်းအမျိုးသားတပ်ဦး (CNF) ဟာ ၁၉၈၈ ခုနှစ် မတ်လမှာ ချင်းပြည်နယ် ထန်တလန်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NCA ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ကာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ပြီး လက်နက်စွဲကိုင်တော်လှန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page