top of page

VOAနဲ့ RFA သတင်းဌာနတွေ ကို ပြန်လည်ပတ်ခွင့်ပြုဖို့ ဖက်ဒရယ်တရားသူကြီး အမိန့်ချမှတ်

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

အေတီ/BVJ_ မတ်၂၃၊၂၀၂၅


ree

အမေရိကန် သမ္မဒေါ််််နယ်ယထရမ့်ရဲ့ အမိန့် နဲ့ ရပ်ဆိုင်းထားတဲ့ ဗွီအိုအေ Voice of America (အမေရိကန်အသံ)၊ Radio Free Asia (လွတ်လပ်တဲ့ အာရှအသံ)အပါအဝင် ဆက်စပ်သတင်းဌာန တွေရဲ့ သတင်းဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံး အမြန်ဆုံးပြန်လည်ပတ်ခွင့်ပြုဖို့ ခရိုင်တရားသူကြီး Royce Lamberth ဦးဆောင်တဲ့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။


အစိုးရငွေကြေးအထောက်အပံ့နဲ့ လည်ပတ်နေတဲ့ နှစ်၈၀ သက်တမ်းရှိတဲ့ သတင်းဝန်ဆောင်မှုကို ရပ်ပစ်ဖို့ လုပ်ဆောင်မှုဟာ ဥပဒေနဲ့ အခြေခံဥပဒေကို ချိုးဖောက်ရာကျတဲ့ သဘောမျိုး သက်ရောက်တယ်လို့ ဖက်ဒရယ်တရားသူကြီး Royce Lamberthက ပြောပါတယ်။


လက်ရှိအချိန်ထိ ဗွီအိုအေမြန်မာပိုင်းက ဝန်ထမ်းအားလုံး အမေရိကန်အစိုးရနဲ့ USAGM က ညွန် ကြားချက်တွေ ကို စောင့်နေဆဲဖြစ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ နီးစပ်သူတစ်ဦးက Burma VJ ကို အတည်ပြုပါတယ်။


လက်ရှိအချိန်မှာ VOA သတင်းဌာနက လုံးဝရပ်ဆိုင်းထားရပြီး၊ RFA သတင်းဌာက ဝန်ထမ်း အနည်းငယ်နဲ့ပဲ လည်ပတ်နေရပါတယ်။ မတ်လ၁၅ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့အမိန့် ကြောင့် (ဗွီအိုအေ)နဲ့ အာအက်ဖ်အေတို့က ဝန်ထမ်း ၁၃၀၀ နီးပါး လစာနဲ့ ခွင့်ပေးခံလိုက်ရပါတယ်။


 ဖက်ဒရယ်တရားသူကြီး Royce Lamberthရဲ့ အမိန့်ချမှတ်မှုကို အမေရိကန်အစိုးရဘက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ USAGM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို တရားရုံးရဲ့ အမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ဘာမှ မတုံ့ပြန်သေးပါဘူး။


သတင်းဌာနတွေကို စီမံကွပ်ကဲနေတဲ့ ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ(USAG M)နဲ့ ပတ်သက်တဲ့လုပ် ငန်းတွေကိုအတတ်နိုင်ဆုံး လျော့ချပစ်ရမယ်ဆိုတဲ့ သမ္မတထရမ့် လက်မှတ်ထိုး ထုတ်ပြန်ချက်ကြောင့် အမေရိကန်အသံ(ဗွီအိုအေ)နဲ့ လွတ်လပ်တဲ့အာရှအသံ(အာအက်ဖ်အေ) သတင်းဌာနတွေရဲ့ အစီအစဥ်ထုတ်လွှင့်မှုတွေ ရပ်ဆိုင်းခံလိုက်ရတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page