နိုင်ငံတကာကယ်ဆယ်ရေးလုပ်သား ၂,၀၀၀ နီးပါး ဗင်နီဇွဲလားကိုရောက်ရှိနေ
- BVJ

- Jun 29
- 1 min read
အီးကေ/BVJ_ ဇွန် ၂၇၊ ၂၀၂၆

ဗုဒ္ဓဟူးနေ့မှာလှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ပြီးတဲ့နောက် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ရက်ပြန်ရှာဖွေနိုင်လိမ့်မယ်လို့ သူ့အနေနဲ့မျှော်လင့်ကြောင်း ဗင်နီဇွဲလားယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez)ကပြောကြားလိုက်ပါတယ်။
မိနစ်ပိုင်းအတွင်ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူပေါင်း ၉၂၀ ထက်မနည်းသေဆုံးပြီး ၃,၃၆၀ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ လတ်တလောမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တတိယမြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။


ပြိုကျသွားတဲ့အဆောက်အဦးတွေအောက်က လူတွေကယ်ဆယ်ပေးဖို့ ဗင်နီဇွဲလားနိုင်ငံထဲကို နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့ ၃၉ဖွဲ့ရောက်ရှိနေပြီး၊ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သား ၂,၀၀၀ နီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ တမ် ဖလက်ချာ (Tom Fletcher)ကအတည်ပြုထားပါတယ်။
ဗင်နီဇွဲလားယာယီသမ္မတ ရိုဒရီဂွက်ဇ်ရဲ့ သောကြာနေ့မှာနောက်ဆုံးထုတ်ပြန်ချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၁၇၂ ဦးရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် အရပ်သားတွေဦးဆောင်ပြုစုထားတဲ့ ကယ်ဆယ်ရေးအချက်အလက်တွေအရ ပျောက်ဆုံးနေသူအရေအတွက် သောင်းနဲ့ချီရှိနေကြောင်းသိရပါတယ်။

မဂ္ဂနီကျူ့ ၇.၂နဲ့ ၇.၅အသီးသီးရှိတဲ့ အဆိုပါငလျင်နှစ်ခုဟာ တစ်မိနစ်တောင်မခြားဘဲ ဆက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ချိန်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားအားလပ်ရက်ဖြစ်တဲ့အတွက် လူအများစုဟာသူတို့ နေအိမ်တွေထဲမှာရှိနေပါတယ်။
ခရက်ဒစ်-BBC



Comments