အမျိုးသားစာပေဆုရှင် ဆရာဦးတင်ညွန့်နဲ့သားတို့ကို ထောင် ၃ နှစ်စီ ချမှတ်
- BVJ

- Jun 18
- 1 min read
မိုနာ/BVJ_ဧပြီ ၁၈၊ ၂၀၂၆

အမျိုးသားစာပေဆုရှင် စာရေးဆရာဦးတင်ညွန့်နဲ့သားဖြစ်သူတို့ကို စစ်အုပ်စုက ၅၀၅(က)ပုဒ်မနဲ့ဖမ်းဆီးအမှုဖွင့်ပြီးနောက် ဒီနေ့ ဇွန် ၁၈ရက်မှာအင်းစိန်ထောင်တရားရုံးကနေ ထောင် ၃ နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူက Burma VJကိုပြောပါတယ်။
ဆရာတင်ညွန့်နဲ့သားဖြစ်သူကို ဧပြီ ၂၃ရက်က နေအိမ်မှာ စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက်မှာ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုနှစ်လနီးပါးအကြာမှာထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ဆရာတင်ညွန့်ကို ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်ကရေးသားထုတ်ဝေခဲ့တဲ့ ခွေးထိန်းငတာစာအုပ်၊ ၂၀၂၀ခုနှစ်ကရေးသားထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်တွေ ကျွန်တော့်ကိုညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ စာအုပ်တွေနဲ့ စစ်အုပ်စုကဆက်စပ်ဖမ်းဆီးတာဖြစ်ပြီး အဲ့ဒီစာအုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရလက်ထက်မှာ ထုတ်ဝေခဲ့တဲ့စာအုပ်တွေဖြစ်ပါတယ်။
စာရေးဆရာဦးတင်ညွန့်ကို ရိုးမပေါ်မှာကျတဲ့မျက်ရည်ဝတ္ထုရှည်စာအုပ်နဲ့ လူသိများခဲ့ပြီး အငြိမ်းစားကျောင်းဆရာဟောင်းတစ်ဦးလည်းဖြစ်သလို လူငယ်စာပေဆု (၂၀၁၁)၊ နိုင်ငံရေးစာပေဆု (၂၀၁၂)၊ အမျိုးသားစာပေဆု (၂၀၁၇) တို့ကို ရရှိထားသူတစ်ဦးလည်းဖြစ်ပြီး The Vocie Daily သတင်းစာမှာ အယ်ဒီတာအဖြစ် ၂၀၁၂ ကနေ ၂၀၁၈ ခုနှစ်အထိ ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။




Comments