ယူကေသမိုင်းတလျှောက် လူအများဆုံးပါဝင်ဆင်နွှဲတဲ့ပွဲအဖြစ် အာဆင်နယ်ဖလားလှည့်ပွဲ စံချိန်သစ်တင်
- BVJ

- Jun 2
- 1 min read
အီးကေ/BVJ_ဇွန် ၁၊ ၂၀၂၆


တနင်္ဂနွေနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ အာဆင်နယ်ဖလားလှည့်ပွဲဟာ ယူကေသမိုင်းနဲ့အင်္ဂလန်နိုင်ငံသမိုင်းတလျှောက် လူများဆုံးပါဝင်ဆင်နွှဲတဲ့ ပွဲတစ်ပွဲအဖြစ်မှတ်တမ်းဝင်သွားပါတယ်။မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်ဖလားရတဲ့ အာဆင်နယ်အသင်းကိုဂုဏ်ပြုဖို့ လူ ၁သန်းခွဲနီးပါးလာစုရုံးကြတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံကားတန်းလှည့်လည်ပွဲအတွင်း အမြင့်နေရာတွေကနေ လူပေါင်း ၇၅ ဦးခန့်ကိုကယ်ဆယ်ခဲ့ရပြီး လူ ၆ ဦးဓားထိုးခံခဲ့ရပါတယ်။ ၂၄ ဦးကိုဖမ်းဆီးထားကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဖလားလှည့်ပွဲမှာ ဖမ်းဆီးရမိထားတဲ့သူတွေကို အရက်သေစာသောက်စား မူးယစ်ရမ်းကားမှု၊ မူးယစ်ဆေးဝါး
သုံးစွဲထားမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အရေးပေါ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုက်ခိုက်မှု စတဲ့စွဲချက်တွေနဲ့အရေးယူထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဓားနဲ့ထိုးခံရသူအများစုမှာ ဒဏ်ရာအပြင်းအထန်မရပေမယ့် အသက် ၂၀ ကျော် အရွယ်အမျိုးသားတစ်ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်အမျိုးသားအသင်းနဲ့ ဖီဖာအမျိုးသမီး ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ အမျိုးသမီးအသင်းတို့ကိုဂုဏ်ပြုဖို့ မြောက်လန်ဒန်ရှိ အမ်းမရိတ်အားကစားကွင်းဝန်းကျင်လမ်းတွေပေါ်မှာ ပရိသတ်သိန်းနဲ့ချီ စုရုံးရောက်ရှိခဲ့ကြပါတယ်။
အာဆင်နယ်အသင်းအောင်ပွဲခံပွဲအတွင်း ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကိုပိုမိုစစ်ဆေးနိုင်တဲ့ အထူးအာဏာတွေပေးအပ်ထား ပါတယ်။လန်ဒန်မီးသတ်တပ်ဖွဲ့ (LFB)ကလည်းလှည့်လည်ပွဲအတွင်း အမြင့်နေရာတွေတက်ရောက်နေတဲ့ လူပေါင်း ၇၅ ဦးခန့်ကိုကယ်ဆယ်ခဲ့ရပါတယ်။




Comments