အီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ် ထရမ့် ရပ်ဆိုင်း
- BVJ

- 6 days ago
- 1 min read
အီးကေ/BVJ_သြဂုတ် ၂၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကိုစစ်ရေးအရတိုက်ခိုက်ဖို့ပြင်ဆင်ထားတာကို ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ကြေညာလိုက်ပါတယ်။ ဒါဟာ ပင်လယ်ကွေ့ဒေသတွင်း မဟာမိတ်နိုင်ငံတွေက အမေရိကန်ဘက်ကို စစ်ရေးအရ အလျင်စလိုမလုပ်ဖို့၊ သံတမန်ရေးလမ်းကြောင်းနဲ့ပဲဖြေရှင်းဖို့ တောင်းဆိုခဲ့ကြလို့ပါ။
ထရမ့်က သူ့ရဲ့ Truth Socialအကောင့်မှာ "အမေရိကန်ဘက်ကတော့ တိုက်ခိုက်ဖို့အသင့်ပြင်ထားပြီးသားပါ၊ ဒါပေမဲ့ 'သဘောတူညီချက်' တစ်ခုကို အမြန်ဆုံးရနိုင်မယ်လို့မျှော်လင့်တဲ့အတွက် တိုက်ခိုက်မယ့်အစီအစဉ်ကို ခေတ္တရပ်ဆိုင်းလိုက်တာပါ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အဓိကအချက်ကတော့ ပင်လယ်ကွေ့နိုင်ငံတွေ (ဆော်ဒီအာရေဗီးယား၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု)က အမေရိကန်ကို သံတမန်ရေးနည်းလမ်းနဲ့ပဲဆက်သွားဖို့တိုက်တွန်းခဲ့လို့ပါ။ သူတို့က အမေရိကန်သာအီရန်ကိုထပ်တိုက်လိုက်ရင် ဒေသတွင်းမှာစစ်မီးတွေပိုမိုပြန့်နှံ့သွားပြီး အခြေအနေတွေထိန်းမနိုင်သိမ်းမရဖြစ်သွားမှာကို စိုးရိမ်နေကြတာပါ။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကိုယ်တိုင်လည်း ထရမ့်နဲ့ဖုန်းဆက်ဆွေးနွေးပြီး ဒေသတွင်းတည်ငြိမ်ရေးအတွက် စစ်ရေးကိုရှောင်ကျဉ်ဖို့အလေးအနက်တောင်းဆိုခဲ့ပါတယ်။
ထရမ့်ရဲ့အဆိုအရဒီသဘောတူညီချက်ထဲမှာ အဓိကအချက် (၂) ချက်ပါဝင်ပါတယ်။ အဲ့ဒါတွေကတော့ ၁-ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို အပြီးတိုင်ချက်ချင်းပြန်ဖွင့်ပေးဖို့နဲ့ ၂-အီရန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကိုရပ်တန့်ဖို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ တင်းမာမှုတွေကအရမ်းကိုမြင့်တက်နေဆဲပါ။ အီရန်ဘက်ကလည်း အမေရိကန်နဲ့အစ္စရေးဘက်ကတိုက်ခိုက်လာမယ်ဆိုရင် ပြတ်ပြတ်သားသားပြန်လည်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အိုမန်ရေလက်ကြားအတွင်း သင်္ဘောတွေသွားလာရေးနဲ့ပတ်သက်ပြီး အီရန်ကသူတို့ရဲ့လွှမ်းမိုးမှုအောက်မှာပဲရှိနေစေချင်တာကြောင့် ညှိနှိုင်းရတ အဆင်မပြေဖြစ်နေတာပါ။
စစ်မီးမတောက်လောင်အောင် မဟာမိတ်တွေကထိန်းပေးထားပေမယ့် ထရမ့်ကတော့ "အခုလိုအခြေအနေမျိုးကို မင်းတို့ထပ်ပြီးတော့မခံနိုင်တော့ဘူးဆိုတာ သိလာလိမ့်မယ်" ဆိုပြီး အီရန်ကိုသတိပေးစကားပြောထားပါသေးတယ်။



Comments