အမေရိကန်သမ္မဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ၊ဘေကျင်းမြို့ကို ရောက်ရှိလာ
- BVJ

- May 14
- 1 min read
အေတီ/BVJ_ မေ ၁၃၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်ရက်ကြာပြုလုပ်မယ့် အလွန်အရေးပါတဲ့တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ကိုရောက်ရှိလာပါတယ်။
အမေရိကန်သမ္မတနဲ့အတူ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ် (Elon Musk) ၊ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang)တို့အပါအဝင် နည်းပညာလောကကထိပ်သီးလုပ်ငန်းရှင်တွေ လိုက်ပါလာကြတာတွေ့ရပါတယ်။
အမေရိကန်စက်မှုလုပ်ငန်းတွေအတွက် တရုတ်နိုင်ငံမှာ"ဈေးကွက်ဖွင့်ပေးဖို့"ဒီတွေ့ဆုံမှုမှာတောင်းဆိုသွားမယ်လို့ ဒီခရီးစဉ်မစခင်မှာလေးတင်ပြောကြားခဲ့ပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား အကောက်ခွန်ကိစ္စတွေ၊ နည်းပညာဆိုင်ရာပြိုင်ဆိုင်မှုတွေ၊ အီရန်စစ်ပွဲနဲ့ထိုင်ဝမ်အရေးတို့ကို အဓိကထားဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ခုနှစ်က တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ်လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတအဖြစ်မှတ်တမ်းဝင်သွားပါတယ်။ တရုတ်နိုင်ငံကိုသွားရောက်မယ့် ဒေါ်နယ်ထရမ့်ရဲ့ မူလခရီးစဥ်ကိုမတ်လကစီစဥ်ထားပေမယ့် အီရန်စစ်ပွဲကြောင့်ကြန့်ကြာခဲ့ရတာဖြစ်ပါတယ်။




Comments