စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်(၄)ဦး ကို အမေရိကန်က ဆန်ရှင် ရုပ်သိမ်း
- BVJ

- Jul 28
- 1 min read
အေတီ/BVJ_ ဇူလိုင် ၂၅၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီနဲ့နီးနီးကပ်ကပ် စီးပွားရေးလုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်(၄)ဦးနဲ့ သူတို့ကုမ္ပဏီတွေကို အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့မှုစာရင်းက ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ လိပ်မှု့စာတစ်စောင်ပေးပို့ပြီး နှစ်ပတ်အကြာမှာ ဒီရုပ်သိမ်းပယ်ဖျက်ပေးမှုဖြစ်လာတာပါ။
ဇူလိုင်၁၁ရက်နေ့က ပေးပို့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စာထဲမှာ မျိုးချစ်တစ်ဦး၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်တစ်ဦးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုချီးကျူးထားပြီး၊စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အခွန်တွေလျော့ပေးဖို့ တောင်းဆိုထားပါတယ်။
စီးပွားရေးပတ်ဆို့မှုဖယ်ရှားပေးလိုက်ရတဲ့ အကြောင်းပြချက်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက တစုံတရာမဖော်ပြဘဲ အာဏာသိမ်းစစ်ကောင်စီမဟာမိတ်လူပုဂ္ဂိုလ်လေးဦးနဲ့ကုမ္ပဏီသုံးခုတို့ကို ကြာသပတေးနေ့က ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ KT Services and Logistics, the Myanmar Chemical and Machinery Company, နဲ့ Suntac Technologies တွေဖြစ်ပြီး၊လူပုဂ္ဂိုလ်တွေအနေနဲ့ KT Services and Logistics ကုမ္ပဏီတည်ထောင်သူ ဂျောနသန် မျိုးကျော်သောင်း၊MCM ကုမ္ပဏီအုပ်စု ပိုင်ရှင် အောင်လှိုင်ဦး၊Suntac Technologies ပိုင်ရှင် စစ်တိုင်းအောင်နဲ့ တင်မင်းလတ်တို့ပါဝင်ပါတယ်။
အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုဖယ်ရှားပေးခဲ့တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ အာဏာသိမ်းစစ်အုပ်စုကို အပြည့်အဝထောက်ခံပြီး နီးနီးကပ်ကပ် စီးပွားရေးလုပ်ကိုင်နေပါတယ်။
KT Services and Logistics ကုမ္ပဏီပိုင်ရှင် ခရိုနီ ဂျော်နသန်မျိုးကျော်သောင်းကို အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အမေရိကန်က ၂၀၂၂ခုမှာ စီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ခဲ့တဲ့ MCM ကုမ္ပဏီပိုင်ရှင် အောင်လှိုင်ဦးနဲ့ Suntac Technologies owner စစ်တိုင်းအောင် နဲ့ တင်လတ်မင်းတို့ကိုလည်း အမေရိကန်အစိုးရက ၂၀၂၂မှာ စီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး အရပ်သားအစိုးရကို ဖယ်ရှားပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ ဒသမ ၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နိုင်ငံတဝန်းလုံး ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။







Comments