top of page

မာရီနိုရဲ့နောက်ကျဂိုးနဲ့ ပေါ်တူဂီကိုအနိုင်ယူပြီး စပိန် ကွာတားဖိုင်နယ်တက်

  • Writer: BVJ
    BVJ
  • Jul 7
  • 1 min read

ပေါ်တူဂီ ၀ - ၁ စပိန်

ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ကစားသမားမာရီနို ၉၁မိနစ်မှာသွင်းခဲ့တဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ပေါ်တူဂီကို စပိန်အသင်းအနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်သွားပြီဖြစ်ပါတယ်။ ၈၅ မိနစ်ကျမှလူစားဝင်လာတဲ့ မစ်ခေးလ် မာရီနိုဟာ ဖာရန် တောရက်စ်ရဲ့ ပေးပို့မှုကနေတဆင့် စပိန်အတွက်အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။


ပရိသတ်တွေအတွက်တော့ ဒီပွဲကစိတ်လှုပ်ရှားစရာ (သို့မဟုတ်) အမှတ်တရဖြစ်လောက်တဲ့ "Classic" ပွဲစဉ်မျိုးမဟုတ်နိုင်ပေမယ့် စပိန်အသင်းအတွက်တော့ ကွာတားဖိုင်နယ်ကိုရောက်ရှိဖို့ဆိုတဲ့ အဓိကရည်မှန်းချက်ကိုအောင်အောင်မြင်မြင်နဲ့ဖြတ်ကျော်နိုင်ခဲ့ပါတယ်။


ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ခွာသွားရချိန်မှာ ခရစ္စတီယာနို ရော်နယ်ဒိုမျက်ရည်ကျနေတဲ့မြင်ကွင်းက ဘောလုံးပရိသတ်တွေအတွက် စိတ်နှလုံးကြေကွဲစရာမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီပွဲဟာ အသက်၄၁နှစ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလားနောက်ဆုံးပွဲဖြစ်ဖွယ်ရှိပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၇ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းသစ်တွေရေးထိုးခဲ့ပြီးကမ္ဘာ့ဖလားပြိုင်ပွဲကိုနှုတ်ဆက်သွားပါပြီ။


စပိန်အသင်းအခုကမ္ဘာ့ဖလားပြိုင်ပွဲမှာနောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၆)ပွဲစလုံးမှာ စပိန်အသင်းဂိုးပေးထားရခြင်းမရှိဘဲ (Clean Sheet)ရယူနိုင်ခဲ့ပါတယ်။

ဒီစွမ်းဆောင်ရည်က ၁၉၆၅-၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားသမိုင်းမှာ စပိန်အသင်းဂိုးမပေးရတဲ့ အရှည်ကြာဆုံးစံချိန်သစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဥရောပချန်ပီယံ စပိန်အသင်းဟာ အမေရိကန်နဲ့ဘယ်လ်ဂျီယံတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ကွာတားဖိုင်နယ်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဥရောပချန်ပီယံ စပိန်အသင်းဟာ အမေရိကန်နဲ့ဘယ်လ်ဂျီယံတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ကွာတားဖိုင်နယ်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page