PDFရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး သတ်ဖြတ်
- BVJ

- Feb 25
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

Myingyan Black Tiger (MBT)တပ်ဖွဲ့က ရဲဘော်မိုးကြိုးကို စစ်ကောင်စီတပ်ဖွဲ့ကဖမ်းသွားပြီး သတ်ဖြတ်ခံလိုက်ရတယ်လို့ တပ်ဖွဲ့ကသိရပါတယ်။
မန္တလေးတိုင်း၊မထ္တီလာခရိုင် ဝမ်းတွင်းမြိုနယ်မှာ တပ်ဖွဲ့ကပေးတဲ့တာဝန်ကိုထမ်းဆောင်ရင်း အခုလ ၁ရက်နေ့မှာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရတာဖြစ်တယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“MBTတပ်ကပေးတဲ့တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ ၁လပိုင်း ၃၁ရက်မှာ စကစရဲ့တပ်ဖွဲ့ဝင်တွေဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။ ၁ရက်နေ့မှာ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ ၂၁ရက်နေ့မှာတော့ ရဲဘော်အတွက် အမိန့်ပြန်တမ်းကိုလုပ်ပေးနိုင်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ စစ်ရေးအခြေအနေတွေရှုပ်ထွေးနေတာကြောင့် ၂၁ရက်မှာမှ လုပ်ပေးနိုင်တာ။ အလောင်းကိုတော့ ကျနော်တို့ပြန်မရခဲ့ပါဘူး”လို့ Burma VJကိုပြောပါတယ်။
ရဲဘော်မိုးကြိုးအတွက် အမိန့်ပြန်တမ်းကို Myingyan Black Tiger (MBT)တပ်ဖွဲ့က မနေ့က ၂၃ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။







Comments