top of page

ပါရာဂွိုင်းအသင်းက ဂျာမနီကို ပင်နယ်တီနဲ့အံ့အားသင့်ဖွယ်အနိုင်ယူခဲ့ပြီး ဘရာဇီးအသင်းလည်း နောက်တဆင့်တက်လှမ်း

  • Writer: BVJ
    BVJ
  • Jun 30
  • 1 min read

အီးကေ/BVJ_ဇွန် ၂၉၊ ၂၀၂၆

ဒီနေ့ ဇွန် ၂၉ရက်၊ ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး (၃၂)သင်းအဆင့်ပွဲစဥ်မှာ မထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။

ဘရာဇီးအသင်းက ဂျပန်ကိုခက်ခက်ခဲခဲကစားပြီး နောက်တဆင့်တက်လှမ်းနိုင်ခဲ့သလို၊ ပါရာဂွိုင်းအသင်းကလည်း ဂျာမနီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အံ့အားသင့်ဖွယ်အနိုင်ယူသွားခဲ့ပါတယ်။


ဂျာမနီ ၁- ၁ ပါရာဂွိုင်း (၃-၄ ပင်နယ်တီ)

ပါရာဂွိုင်းက ဂျာမနီအသင်းကိုအံ့အားသင့်ဖွယ်ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ကမ္ဘာ့ဖလားနောက်ဆုံး (၁၆)သင်းအဆင့်ကိုတက်လှမ်းသွားပြီဖြစ်ပါတယ်။

ပါရာဂွိုင်းအတွက် အန်စီဆိုက ပထမပိုင်း ၄၂မိနစ်မှာဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဂျာမနီအတွက်ချေပဂိုးကို ဟာဗက်ဇ်က ဒုတိယပိုင်း ၅၄မိနစ်မှာ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။


သာမန်ပွဲချိန်အပြီးမှာ တစ်ဂိုးဆီသရေကျတဲ့အတွက်အချိန်ပိုကစားခဲ့ရပြီး နောက်ဆုံးမှာ ပယ်နယ်တီအဆုံးအဖြတ်ရယူခဲ့ရပါတယ်။ ဂျာမနီနောက်ခံလူ တာဟ်ရဲ့ အချိန်ပိုဒုတိယပိုင်းမှာသွင်းယူခဲ့တဲ့ဂိုးကတော့ အငြင်းပွားဖွယ်ရာ ပယ်ဖျက်ခံခဲ့ရတဲ့အတွက် ဂျာမနီအသင်းအတွက်နစ်နာမှုဖြစ်ခဲ့ပါတယ်။


ဂျာမနီအသင်းဘက်က ကိုင်ဟာဗက်ဇ်၊ ဝေါလ်တီမိတ်ဒ်နဲ့တာဟ်တို့ ပင်နယ်တီ လွဲချော်ခဲ့ကြပါတယ်။ ပါရာဂွိုင်းအသင်းဘက်ကလည်း ပင်နယ်တီနှစ်ကြိမ်တိုင်တိုင်လွဲချော်ခဲ့ပေမယ့် နောက်ဆုံးမှာကာနာလီကအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။


ဒီပွဲမှာ ကမ္ဘာ့ဖလားချန်ပီယံဆုလေးကြိမ်ရ ဂျာမနီအသင်းကိုအနိုင်ရလိုက်တဲ့ ပါရာဂွိုင်းအသင်းဟာ နောက်ဆုံး(၁၆)သင်းအဆင့်မှာ ပြင်သစ် သို့မဟုတ် ဆွီဒင်အသင်းနဲ့ လာမယ့်စနေနေ့မှာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်၊။


ရုပ်ပိုင်းဆိုင်ရာအရ ဂျာမနီကပိုမိုမြင့်မားသန်စွမ်းပေမယ့် ပါရာဂွိုင်းတို့က တစ်ဦးချင်းစွမ်းဆောင်ရည်ထက် အသင်းလိုက်စည်းလုံးမှုကိုပိုမိုအလေးပေးကစားသွားပါတယ်။ အထူးသဖြင့် ဂိုးသမားအော်လန်ဒို ဂီးလ်ရဲ့လက်စွမ်းပြမှုက ပွဲစဉ်တလျှောက်နဲ့ပင်နယ်တီအဆုံးအဖြတ်မှာ အဓိကအသက်သွေးကြောဖြစ်ခဲ့ပါတယ်။


ဘရာဇီး ၂-၁ ဂျပန်

ပွဲချိန် မိနစ် ၃၀မတိုင်မီမှာ ကိုင်ရှူး ဆာနိုကဘောလုံးကိုဖြတ်ယူပြီး အဝေးကန်ချက်နဲ့ ဂျပန်အတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကတ်စ်မီရိုက ဘရာဇီးအတွက် ချေပဂိုး ဒုတိယပိုင်း ၅၆မိနစ်မှာခေါင်းတိုက်သွ‌င်းယူပေးခဲ့ပြီးနောက် ပွဲပြီးခါနီး ၉၅မိနစ်မှာ ဘရူနို ဂီမာရက်စ်ရဲ့ပေးပို့မှုကနေ ဂါဘရီရယ် မာတီနယ်လီက အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။


ဂျပန်အသင်းဟာ ဒီပွဲမှာအထူးချီးကျူးရမယ့်အသင်းဖြစ်ပါတယ်။ ဘရာဇီးလို အင်အားကြီးအသင်းကိုရင်ဆိုင်ရာမှာ အလွန်စနစ်တကျခံစစ်ဆင်နိုင်ခဲ့ပြီး ကွင်းလယ်ပိုင်းမှာလည်း အပြန်အလှန်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကိုင်ရှူး ဆာနိုရဲ့သွင်းဂိုးဟာ ဂျပန်အသင်းရဲ့ကစားပုံ ကောင်းမွန်မှု၊ အခွင့်အရေးကိုအမိအရအသုံးချတတ်မှုကိုပြသလိုက်တာပါ။ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် နောက်တဆင့်တက်ဖို့နီးကပ်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာပဲကံမကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။


ဘရာဇီးအသင်းဟာ နောက်ဆုံး (၁၆)သင်းအဆင့်မှာ နော်ဝေး သို့မဟုတ် အိုင်ဗရီကို့စ်အသင်းတို့နဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page