NUG အစိုးရအဖွဲ့ ပြောင်းလဲရေးလုပ်ပြီး ခပ်သွက်သွက်ခရီးနှင်ကြဖို့ ဝန်ကြီးချုပ်ပြော
- BVJ

- Jan 9
- 1 min read
BVJ/မိုနာ- ဇန်နဝါရီ ၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မနေ့က ဇန်နဝါရီ ၇ ရက်ကပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော့ ၂၀၂၅ ခုနှစ်အစောပိုင်းလတွေမှာ မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြရမယ့် အရာတွေ ရှိပါတယ်။ ဒါတွေကို သမ္မတကြီးနဲ့ ကျွန်တော် နှစ်သစ်ကူးမိန့်ခွန်းတွေမှာလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နံပါတ် (၁) အချက် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ကျစ်ကျစ်လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ် လုပ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး ကိစ္စ။နံပါတ် (၂) ကတော့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေပါ။ နောက်ဆုံးတစ်ချက်ကတော့ မဟာမိတ်ဆက်ဆံရေးကဏ္ဍပါ”
ဒါ့အပြင် မဟာမိတ်ဆက်ဆံရေးမှာ တော်လှန်ရေးအင်အားစုအားလုံးနဲ့ အစုအဖွဲ့အသီးသီးနဲ့ တူညီတာတွေကိုစုစည်းပြီး တော်လှန်ရေးအရှိန်အဟုန်နဲ့သွားနိုင်အောင် ကြိုးစားဖို့ကိုလည်း ဝန်ကြီးချုပ်က မှာပါတယ်။
၂၀၂၅ခုနှစ်ဟာ တော်လှန်ရေးအင်အားစုတွေအတွက် အချက်ပေး ခေါင်းလောင်းထိုးနေတဲ့နှစ်ဖြစ်တာကြောင့် ခပ်သွက်သွက်ခရီးနှင်ကြရမယ့်နှစ်ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။







Comments