top of page

NUG ကောလင်းသယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံပစ်သတ်ခံရ

  • Writer: Zayar Oo
    Zayar Oo
  • Jan 5
  • 1 min read

BVJ/မိုနာ_ ဇန်နဝါရီ ၃၊ ၂၀၂၅


ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစုလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမှုမှန်အမြန်ပေါ်ရေး ဒီဇင်ဘာ၄ ရက်က လှုပ်ရှားတောင်းဆိုနေပုံ(ဓာတ်ပုံ-BEGSC)
ကနီမြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစုလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမှုမှန်အမြန်ပေါ်ရေး ဒီဇင်ဘာ၄ ရက်က လှုပ်ရှားတောင်းဆိုနေပုံ(ဓာတ်ပုံ-BEGSC)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUGရဲ့ ကောလင်းမြို့နယ်သယံဇာတကော်မတီ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒမာဟာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။


အတွင်းရေးမှူး ကိုအရိန္ဒမာဟာ မနေ့က ဇန်နဝါရီ ၂ရက်နေ့မှာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ လုပ်ကြံခံလိုက်ရတာဖြစ်ပြီး ကိုအရိန္ဒမာလုပ်ကြံခံလိုက်ရတာကို NUGသယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ဒီနေ့မနက်ပိုင်းမှာ အတည်ပြုထားပါတယ်။


“အစပိုင်းမှာတော့ ဆိုင်ကယ်အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့်၊ စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာဖြစ်ကြောင်း အတည်ပြုပါတယ်”လို့ ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။


လုပ်ကြံခံရတဲ့ ကိုအရိန္ဒမာဟာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး CDMပြုလုပ်ထားသူဖြစ်ပါတယ်။


“အင်မတန် အလုပ်ကြိုးစားတဲ့ စာအုပ်ကြီးသမား CDM (ECD ဦးစီးအရာရှိ) ဝန်ထမ်းကောင်းတယောက် ဆုံးရှုံးရလို့ MONREC ရုံးအဖွဲ့သားများနှင့် လုပ်ဖေါ်ကိုင်ဖက်မိတ်ဆွေအားလုံးလဲ မိသားစုနှင့်အတူ ဝမ်းနည်းရပါကြောင်း ဖေါ်ပြလိုပါတယ်။ မိသားစုမှာ သမီးလေးတစ်ယောက်ကျန်ခဲ့တယ်။ ပူဆွေးသောကကို အများသိအောင် ဖေါ်ပြလို့တောင်မရတဲ့ ဘဝတွေပါ”လို့ ဒေါက်တာတူးခေါင်က ဝမ်းနည်းကြောင်းရေးသား ထားတာပါ။


အလင်းဒဏ်မခံနိုင်တဲ့လူတချို့ကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်းတယောက် ဆုံးရှုံးရတာဟာ တော်လှန်ရေးအစိုးရတရပ်အတွက် ဆုံးရှုံးမှုကြီးဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောထားပါတယ်။


စစ်ကိုင်းတိုင်းအတွင်းက ကနီမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၄ရက်ညပိုင်းကလည်း NUG ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေးနဲ့ ဇနီး၊သုံးလအရွယ် သမီးငယ်တို့ဟာ နေအိမ်မှာပဲလုပ်ကြံသတ်ဖြတ်ခံလိုက်ရသလို ၂၀၂၃၊ သြဂုတ်လကုန်မှာလဲ အရာတော်မြို့နယ်မှာ အသက်(၂၈)နှစ်အရွယ် ရတနာပုံတော်လှန်ရေးတပ်ဖွဲ့-YRF ဗဟိုဦးဆောင်အဖွဲ့ဝင်နဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုသန်းထိုက်(ခ)ညီညီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။


အဲ့ဒီလုပ်ကြံသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးလည်း လက်ရှိအချိန်အထိ အမှုမှန်မပေါက်သေးတာကြောင့် အမှုမှန်ပေါက်ပေါက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက လှုပ်ရှားတောင်းဆိုမှုတွေ ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page