NLD လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြောက်နယ်ထဲမှာ ကွယ်လွန်
- BVJ

- Apr 30
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၇ ၊ ၂၀၂၅

ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမှတ် ၁ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဒီနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ သူနဲ့နီးစပ်သူတစ်ဦးထံက သိရပါတယ်။
အသက် ၄၅ နှစ်အရွယ် ဦးနေလင်းအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရွေးကောက်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ လွတ်မြောက်နယ်မြေထဲကို ရောက်ရှိလာပြီး တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေခဲ့တာလည်း ဖြစ်ပါတယ်။
“သူနဲ့ ကျွန်မတို့က အတော်လေးရင်းနှီးကြတယ်။ သူက တောင်ပိုင်း တောထဲမှာရှိနေတာ။ ဆုံးပါးသွားတာက ဦးနှောက်သွေးခဲတာလို့ သိရတယ်။ ဆီးချို၊ သွေးတိုပါ တက်သွားတာ” လို့ ဦးနေလင်းအောင်နဲ့ ရင်းနှီးသူတစ်ဦးက Burma VJ ကို ပြောပါတယ်။ ဦးနေလင်းအောင်ဟာ အဆုတ်ရေဝိုင်းရောဂါခံစားရပြီး မကွယ်လွန်မီ နှလုံးအမောဖောက်တာမျိုး ဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးကြောင့် ဦးနေလင်းအောင် ကွယ်လွန်ခဲ့မှုအပေါ် NLD ပါတီအသိုင်းအဝိုင်းနဲ့ တော်လှန်ရေးအသိုင်းအဝိုင်းအင်အားစုတွေကလည်း ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားထားကြပြီး သူ့ရဲ့ ရုပ်အလောင်းကို လွတ်မြောက်နယ်မြေတစ်နေရာမှာ သင်္ဂြိုလ်မှု ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။







Comments