top of page

ဆွီဒင်ကို ခြေစွမ်းအသာဂိုးပြတ်နဲ့ ပြင်သစ်အနိုင်ယူ

  • Writer: BVJ
    BVJ
  • Jul 1
  • 1 min read

ပြင်သစ် ၃-၀ ဆွီဒင်

ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ပြင်သစ်အသင်းက ဆွီဒင်အသင်းကို ခြေစွမ်းအသာဂိုးပြတ်နဲ့အနိုင်ယူပြီး နောက်တဆင့်တက်သွားပြီဖြစ်ပါတယ်။ လူတစ်ဦးချင်းရော အသင်းလိုက်ပါအားသာတဲ့ ပြင်သစ်အသင်းဟာပွဲစကတည်းကဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆွီဒင်ကစားကွက်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။


ပြင်သစ်အသင်းရဲ့တစ်ဦးချင်းခြေစွမ်း၊ အလယ်တန်းနဲ့တိုက်စစ်ပိုင်း အချိတ်အဆက်မိမှုဟာ ဆွီဒင်ခံစစ်ကိုအဆက်မပြတ်ဖိအားပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၃၆ မိနစ်မှာ မိုက်ကယ်အိုလီဆေးရဲ့လှပတဲ့ Scissor Kick ကန်သွင်းချက်တိုင်ထိပြီးထွက်သွားတာအပါအဝင် ပြင်သစ်အသင်းဂိုးရဖို့အခွင့်အရေးအနည်းဆုံးလေးကြိမ်လောက် လက်လွှတ်ခဲ့ရပါတယ်။

ပြင်သစ်အသင်းအတွက်အဖွင့်ဂိုးကို အမ်ဘာပေက ပထမပိုင်း ၄၅မိနစ်မှာသွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကို ပီအက်စ်ဂျီကစားသမားဘာကိုလာက ၅၃မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ ဘာကိုလာသွင်းတဲ့ဂိုးအပြင် ၇၄မိနစ်မှာ အမ်ဘာပါပေသွင်းတဲ့ဂိုး ကိုပါ မိုက်ကယ်အိုလီဆေးတစ်ဦးတည်းက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အခုပွဲမှာနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် လီယွန်နယ်မက်ဆီနဲ့အတူ သွင်းဂိုး(၆)ဂိုးစီတူညီသွားပါပြီ။ လာမယ့်စနေနေ့ ၁၆ သင်းအဆင့်မှာ ပြင်သစ်အသင်းက ပါရာဂွိုင်းအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page