ပိတ်ဆို့အရေးယူခံထားရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ထိပ်သီးအစည်းအဝေးတက်ခွင့်ရအောင် တရုတ်ကဘယ်လိုလုပ်လိုက်တာလဲ
- BVJ

- May 15
- 1 min read
အေတီ/BVJ

တရုတ်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာပါနေတဲ့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး မာကိုရူဘီယို ဘေဂျင်းထိပ်သီးအစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံထဲ ဘယ်လိုဝင်ခွင့်ရသွားလဲဆိုတဲ့မေးခွန်းက စိတ်ဝင်စားစရာဖြစ်ပါတယ်။
အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း တရုတ်အစိုးရရဲ့ နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရူဘီယိုဟာ ထရမ့်နဲ့အတူထိပ်သီးအစည်းအဝေးတက်ရောက်နိုင်ဖို့ တရုတ်အစိုးရက ဘာသာစကားဆိုင်ရာလှည့်ကွက်နဲ့ သံတမန်ရေးရာကျင့်ထုံးတွေအသုံးချခဲ့ပါတယ်။
ရူဘီယိုရဲ့အမည်ကို အသံထွက်ဖလှယ်မှု (Transliteration)ပြောင်းလဲလိုက်ပြီး သမ္မတဒေါ်နယ်ထရမ့် တရုတ်ခရီးစဉ်မှာပထမဆုံးလိုက်ပါလာနိုင်အောင် တရုတ်အစိုးရက စီစဥ်ပေးခဲ့ပါတယ်။
“တရုတ်နိုင်ငံက လက်လှည့်ဆရာတစ်ယောက်လို လှည့်ကွက်သုံးခဲ့တာပါ။ အခုခရီးစဉ်အတွက် တရားဝင်စာရွက်စာတမ်းတွေမှာ သူ့နာမည်ကိုပေါင်းပုံပြောင်းထားတယ်”လို့ အယ်လ်ဂျာဇီးယားသတင်းထောက် အလန်ဖစ်ရှာက ဘေဂျင်းမြို့ကနေသတင်းပို့ပါတယ်။
တရုတ်အစိုးရက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြည်ဝင်ခွင့်ပေးဖို့ သံတမန်ရေးရာလှည့်ကွက်တစ်ခုကိုအသုံးပြုခဲ့ပုံရပြီး ရူဘီယိုရဲ့ မျိုးရိုးအမည် ပထမအသံထွက်ကို “လူ” (lu)ဟူသော တရုတ်စာလုံးအသစ်နဲ့အစားထိုးပြီး အသံထွက်ဖလှယ်ခဲ့ပါတယ်။ “ မာကိုရူဘီကနေ မာကိုလူ” (Marco Lu) လို့အမည်ပြောင်းလဲပေးလိုက်တာက ပိတ်ဆို့အရေးယူမှုတွေပြန်ရုတ်သိမ်းစရာမလိုဘဲ ရူဘီယိုကို ဘေဂျင်းထိပ်သီးအစည်းအဝေးတက်နိုင်အောင် နှစ်ဖက်အဆင်ပြေမယ့်လမ်းကြောင်း တရုတ်အစိုးရကရွေးပြီးပြုလုပ်ခဲ့ပါတယ်။
အဲ့လိုလုပ်တာက ရူဘီယိုအပေါ်ချမှတ်ထားတဲ့ ပိတ်ဆိုးအရေးယူမှုတွေဖယ်ရှားပေးစရာမလိုသလို ထိပ်သီးအစည်းအဝေးလည်းတက်ရောက်ခွင့်ရသွားပါတယ်။ ဒီထိပ်သီးအစည်းအဝေးပီးရင်တော့ ရူဘီရိုအပေါ် အရင်ကချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကိုပြန်လည်အသက်သွင်းနိုင်ပါတယ်။ တရုတ်အစိုးရနဲ့အစိုးရပိုင်မီဒီယာတွေမှာ ရူဘီယိုနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မယူမီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းကတည်းက သူ့မျိုးရိုးအမည်ကိုစာလုံးအသစ်နဲ့ စတင်သုံးနှုန်းခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုဟာ ထရမ့်နဲ့အတူ ဘေဂျင်းထိပ်သီးအစည်းအဝေးတက်ရောက်မယ်ဆိုရင် သူ့အပေါ်ထားထားတဲ့ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖိုဆန္ဒရှိကြောင်း တရုတ်အစိုးရကပြီးခဲ့တဲ့မတ်လက အရိပ်အယောင်ပြခဲ့ပါတယ်။ “တရုတ်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်စဉ်အတွင်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မစ္စတာရူဘီယိုရဲ့ပြောဆိုချက်တွေနဲ လုပ်ရပ်တွေကိုရည်ရွယ်တာဖြစ်ပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က မတ်လ ၁၆ ရက်နေ့ကပြောကြားခဲ့ပါတယ်။
ရူဘီယိုကို တရုတ်ကဘာကြောင့်ပိတ်ဆို့အရေးယူထားတာလဲ
ရူဘီယို ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေ ထရမ့်အစိုးရအဖွဲ့ထဲ အမည်စာရင်းသွင်းခံရချိန် ကာလအတွင်းကိုအခြေခံပြီး တရုတ်အစိုးရကပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ် ။ ၂၀၂၀ ပြည့်နှစ်မှာ ရူဘီယိုကို တရုတ်အစိုးရကနှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့အရေးယူခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ချုပ်ကိုင်မှုကနေလွတ်မြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိဖို့တောင်းဆိုနေတဲ့ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်မှာ တရုတ်အစိုးရဲ့ဖိအားပေးနှိပ်ကွပ်မှုတွေကို ရူဘီယိုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့်ဖြစ်ပါတယ်။
ရူဘီယိုဟာ ကျူးဘားနွယ်ဖွားအမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကွန်မြူနစ်ဝါဒကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသလို တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါ မွတ်စလင်လူနည်းစုတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း ရှုတ်ချခဲ့ပါတယ်။အထက်လွှတ်တော်အမတ် ရူဘီယိုအနေနဲ့ ဝီဂါ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု တားဆီးရေး အက်ဥပဒေ (Uyghur Forced Labor Prevention Act) ကို အဆိုပြုခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာအတည်ပြုခဲ့တဲ့အဆိုပါဥပဒေအရ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေက အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုကနေ ထုတ်လုပ်ထားတာမဟုတ်ကြောင်း တင်သွင်းတဲ့ကုမ္ပဏီတွေက သက်သေပြဖို့ လိုအပ်ပါတယ်။
“ကုမ္ပဏီအများအပြားဟာ သူတို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ရှင်းလင်းဖို့ အစီအမံတွေလုပ်နေပါပြီ။ အဲဒီလိုမလုပ်သေးတဲ့သူတွေအတွက်တော့ အမေရိကန်ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုလိုရက်စက်ကြမ်းကြုတ်မှုတွေမှာ မသိနားမလည်ဘဲ ပါဝင်ပတ်သက်သူတွေဖြစ်အောင် ဆက်လုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး”လို့ ရူဘီယိုက အဲ့ဒီတုန်းကပြောကြားခဲ့ပါတယ်။
ခရက်ဒစ်- အယ်လ်ဂျားဇီးယား




Comments