top of page

LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

  • Writer: BVJ
    BVJ
  • Mar 19
  • 1 min read

BVJ/ယူဂရင်း_ မတ် ၁၀၊ ၂၀၂၅


၂၀၂၅ မတ်၁၀ရက်က စောဟန်နွေဦး(ခ)အစောရဲ့ ဈာပနပြုလုပ်နေပုံ
၂၀၂၅ မတ်၁၀ရက်က စောဟန်နွေဦး(ခ)အစောရဲ့ ဈာပနပြုလုပ်နေပုံ

စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ စောဟန်နွေဦးဟာ မနေ့က မတ်လ ၉ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် စောဟန်နွေဦးဟာ ကျောက်ကပ်၊လေဖြတ်စတဲ့ရောဂါတွေကို ချင်းမိုင်နဲ့ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှာ ကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာပါ။


စောဟန်နွေဦး(ခ)နော်ဟဲနေထူးရဲ့ စျာပနကို မဲဆောက်ရှိ ဝပ်မုတ်ကထန်သုဿန်မှာ ဒီနေ့ နေ့လယ် ၂ နာရီမှာပြုလုပ်သွားမယ်လို့ သူရဲ့မိတ်ဆွေတွေဆီက သိရပါတယ်။


စောဟန်နွေဦးဟာ LGBTအရေးလှုပ်ရှားသူတစ်ယောက်ဖြစ်သလို နွေဦးတော်လှန်ရေးမှာလည်း စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုမှာပါဝင်ခဲ့တာကြောင့် စစ်ကောင်စီကဖမ်းဆီးကာ ၅၀၅-ကနဲ့ အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး ၂၀၂၁ခုနှစ် အောက်တိုဘာမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ပြန်လွတ်လာပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေကိုတိမ်းရှောင်ကာ တော်လှန်ရေးမှာပြန်လည်ပါဝင် လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page