top of page

KNU ဌာနချုပ်အနီး ၃၆ နှစ်နီးပါးကြာတပ်စွဲထားတဲ့ ခလယ်ဒေးစစ်စခန်းကို ပူးပေါင်းတပ်တွေသိမ်းယူ

  • Writer: BVJ
    BVJ
  • Apr 5
  • 1 min read

BVJ/အိုင်းရစ် _ မတ် ၂၆ ၊ ၂၀၂၅

ree

ထိုင်း-မြန်မာနယ်စပ် လှိုင်ဘွဲ့မြို့နယ် ခလယ်ဒေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ်လ ၂၅ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့မှာ အတည်ပြုထုတ်ပြန်လာပါတယ်။


ထိုင်းနိုင်ငံနဲ့ကပ်လျက်ရှိနေတဲ့ ခလယ်ဒေးရွာအနီးမှာ အခု မတ်လ ၂၂ ရက်နေ့ကတည်း တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိုင်းစစ်တပ် လေတပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ နယ်စပ်တစ်လျှောက် ပျံသန်းစောင့်ကြည့်ခဲ့ပါသေးတယ်။


စစ်ကောင်စီအခြေချတပ်စွဲထားတဲ့ ခလယ်ဒေးတပ်စခန်းဟာ KNU တပ်မဟာ ၇ နယ်မြေ ဌာနချုပ်အနီးမှာ ၁၉၈၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက တည်ရှိခဲ့တာဖြစ်ပြီး ၃၆ နှစ်နီးပါးကြာ တပ်စွဲအခြေချရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ree

ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Y12 လေယာဉ်နဲ့ ဗုံး ၃၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူပေးခဲ့ပေမဲ့ မနေ့ မတ်လ ၂၅ ရက်မှာ KNLA က အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA တပ်ဟာ ၇ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့က ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


စခန်းသိမ်းတိုက်ပွဲအပြီး ခလယ်ဒေးစခန်းကို နယ်မြေရှင်းလင်းမှုလုပ်ဆောင်ချိန် စစ်ကောင်စီတပ်သား နှစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရပြီး စခန်းအတွင်းက ပွိုင့် (၅) တစ်လက်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လက်၊ ၆၀ မမ အတို (၁) လက်၊ RPG-7 (၁) လက်၊ MA-2 (၃) လက်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁၀) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံနယ်စပ်နဲ့ တစ်မိုင်ကျော်သာဝေးတဲ့ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန်အတွင်း အနီးဝန်းကျင်က ဒေသခံပြည်သူအများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာကြောင့် ထိုင်းနယ်စပ်တပ်ဖွဲ့ အာဏာပိုင်တွေက လူသားချင်းစာနာမှုအကူအညီတွေပေးထားတယ်လို့လည်း ထိုင်းသတင်းဌာန AEC မှာ ဖော်ပြထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page