top of page

အီရန်ခေါင်းဆောင်ကြီး ခါမေနီ သေဆုံးပြီလို့ ဒေါ်နယ်ထရမ့်အတည်ပြု

  • Writer: BVJ
    BVJ
  • Mar 3
  • 1 min read

အေတီ/BVJ_ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆


၁၉၈၉ခုနှစ်ကစပြီး အီရန်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ သဘောထားတင်းမာတဲ့ဘာသာရေးခေါင်းဆောင် ခါမေနီ
၁၉၈၉ခုနှစ်ကစပြီး အီရန်နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ သဘောထားတင်းမာတဲ့ဘာသာရေးခေါင်းဆောင် ခါမေနီ

အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီဟာ တီဟီရန်မြို့ပေါ်ကို အမေရိကန်နဲ့အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားလိုက်ပါတယ်။

အီရန်ပြည်သူတွေ၊ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကပြည်သူတွေအတွက် 'တရားမျှတမှု'ကိုဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတက ဒေါ်နယ်ထရမ့်က သူရဲ့လူမှုကွန်ရက်ကနေ ပြောကြားလိုက်တာဖြစ်ပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နေဦးမှာဖြစ်ပြီး အခုဖြစ်ရပ်ဟာ "အီရန်ပြည်သူတွေအနေနဲ့ သူတို့ရဲ့နိုင်ငံကိုပြန်လည်ရယူပိုင်စိုးဖို့အတွက်ရရှိလာတဲ့ အကောင်းဆုံးနဲ့အကြီးမားဆုံးအခွင့်အရေး"ဖြစ်ကြောင်း၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင် အတော်များများဟာလည်း "ဆက်ပြီးတိုက်ခိုက်လိုစိတ်မရှိကြတော့ဘူး"လို့ ဒေါ်နယ်ထရမ့်က ထပ်ဖြည့်ပြောပါတယ်။


စနေနေ့မနက်ပိုင်းက အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်နိုင်ငံအပေါ် ပူးပေါင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးကအတည်ပြုပါတယ်။ အယာတိုလာ အလီခါမေနီ ရဲ့ ရုပ်အလောင်းကိုလည်းတွေ့ရှိထားတယ်လို့ အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာ(Reuters) သတင်းဌာနကိုအတည်ပြုထားပါတယ်။


အီရန်ဘက်က ခါမေနီသေပြီဆိုတဲ့သတင်းဟာ စိတ်ဓာတ်စစ်ဆင်ရေး (Mental Warfare)"လုပ်တာလို့ပြောနေပေမယ့် ဒီနေ့တိုက်ခိုက်မှုကြောင့် တီဟီရန်မြို့ရှိ ခါမေနီရဲ့နေအိမ်ဝင်း အကြီးအကျယ်ပျက်စီးသွားကြောင်း ဂြိုဟ်တုဓာတ်ပုံတွေက အတည်ပြုပေးနေပါတယ်။


အစောပိုင်းကထွက်ပေါ်လာတဲ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေအရ တီဟီရန်မြို့ရှိ အီရန်ခေါင်းဆောင်ကြီး ခါမေနီရဲ့ နေအိမ်ဝင်း (Compound)အတွင်းမှာ ဒီနေ့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေတာတွေ့ရပါတယ်။

တီဟီရန်မြို့ရှိ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ခြံဝင်းပျက်စီးမှုကိုပြသထားတဲ့ ဂြိုဟ်တုဓာတ်ပုံ
တီဟီရန်မြို့ရှိ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ခြံဝင်းပျက်စီးမှုကိုပြသထားတဲ့ ဂြိုဟ်တုဓာတ်ပုံ

တချိန်တည်းမှာပဲ အစ္စရေးနဲ့အမေရိကန်နိုင်ငံတွေကထွက်ပေါ်လာတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ခါမေနီဟာ အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်ရဲ့အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ "မရှိတော့ဘူး" (is no longer) ဆိုပြီးပြောကြားခဲ့ပေမယ့် သေဆုံးသွားပြီဆိုတာကိုတော့ အတိအလင်းအတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။


စနေနေ့အစောပိုင်းမှာ အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် အရှိန်အဟုန်ပြင်းတဲ့ စစ်ရေးအရတိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့အဆင့်မြင့်ခေါင်းဆောင်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်အစိုးရကိုဖြုတ်ချပစ်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။


တချိန်တည်းမှာပဲ အီရန်ဘက်ကလည်းတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေကိုပစ်မှတ်ထားပြီး တန်ပြန်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ်။


အီရန်အစိုးရဘက်က သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကိုဖျက်သိမ်းဖို့ ငြင်းဆန်ခဲ့တာကြောင့် အခုတိုက်ခိုက်မှုပေါ်ပေါက်လာရတာဖြစ်ပြီး အဲ့ဒီအမေရိကန်နဲ့အစ္စရေးပူးပေါင်းစစ်ဆင်ရေးဟာ အီရန်ခေါင်းဆောင်ကြီး ခါမေနီနဲ့ အီရန် သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian)တို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်က နောက်ပိုင်းမှာအတည်ပြုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page