အမေရိကန်ဘက်က လက်တုံပြန်မှုစတင် ၊ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ပစ်မှတ် ဒါဇင်နဲ့ချီကို တိုက်ခိုက်ဖျက်ဆီး
- BVJ

- Jul 31
- 1 min read
သူရ/BVJ_ဇူလိုင် ၃၀၊၂၀၂၆

အင်္ဂါနေ့တုန်းက အီရန်ဘက်က အမေရိကန်တပ်ဖွဲ့တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံအတွင်းကို "အကြီးအကျယ်" တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ဟော်မုဇ်ရေလက်ကြားထဲက သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တဲ့အတွက် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ပစ်မှတ်ပေါင်း ဒါဇင်နဲ့ချီပြီး ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (Centcom) က ပြောပါတယ်။
အီရန်အစိုးရပိုင် မီဒီယာတွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုတွေကြောင့် ကွမ်ကျွန်း (Qeshm island) မှာ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့ပြီး နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အနောက် ပိုင်းက တခြားနေရာတွေမှာလည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီလကတည်းကရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပျက်ပြားသွားပြီးနောက်ပိုင်း အမေရိကန်နဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ ဇွန်လကစပြီး ပိုမိုပြင်းထန်လာခဲ့တာပါ။ အမေရိကန်က အီရန်ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ပြီး စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက် နေသလို၊ အီရန်ဘက်ကလည်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အရှေ့အလယ်ပိုင်းတစ်ဝန်းက အမေရိကန်ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
ဒီကြားထဲမှာပဲ ဂျော်ဒန်နိုင်ငံကလည်း ကြာသပတေးနေ့က သူတို့နိုင်ငံပိုင်နက်ထဲကို ဦးတည်လာတဲ့ အီရန်ဒုံးကျည် ၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားဘက်က တင်းမာမှုတွေကို လျှော့ချလိုကြောင်း ပြောကြားထားပေမဲ့၊ ဒေသတွင်းမှာ အမေရိကန်နဲ့ အီရန်ကြားက စစ်ပွဲဟာ ပိုမိုကျယ်ပြန့်လာနေပြီး ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာ စိတ်ပူစရာ ဖြစ်လာနေပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments