top of page

Gen Z တော်လှန်ရေးနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ နေရာအများစု အနိုင်

  • Writer: BVJ
    BVJ
  • Feb 14
  • 2 min read

 

အေတီ/BVJ-ဖေဖော်ဝါရီ၁၄၊၂၀၂၆

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် Sheikh Hasina ရှိတ်ဟာစီနာကို လူထုအုံကြွမှုဖြင့် ရာထူးမှ ဖယ်ရှားခဲ့ပြီး ၁၈လအကြာမှာ ကျင်းပခဲ့တဲ့  သမိုင်းဝင် အထွေထွေရွေးကောက်ပွဲမှာ  ဗဟိုလက်ယာယိမ်း ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)က  လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံကျော် အနိုင်ရရှိခဲ့ပါတယ်။

 

ရွေးကောက်ပွဲကော်မရှင် (EC) က ထုတ်ပြန်ထားတဲ့ နောက်ဆုံးရလဒ်တွေအရ အမတ်နေရာ ၂၉၇ နေရာအနက် Tarique Rahman တာရစ်ရာမန် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)BNP ပါတီက အမတ် ၂၁၂ နေရာ အထိ အပြတ်အသတ် အနိုင်ရရှိထားပါတယ်။အလားတူ တစ်ဖက်မှာလည်း အစ္စလာမ္မစ်ပါတီ Jamaat-e-Islami ဦးဆောင်တဲ့ ပြိုင်ဘက်မဟာမိတ်အဖွဲ့က ၇၇ နေရာ အနိုင်ရရှိခဲ့ပါတယ်။

 

သောကြာနေ့ကကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆယ်စုနှစ်နှစ် ခုနီးပါးကာ လအတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ရှုမြင်ခံရသလို၊ ကြီးမားတဲ့ နိုင်ငံရေး အလှည့်အပြောင်းတွေ ဖြစ်ပေါ် ပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

 

ဟာစီနာ အစိုးရလက်ထက်မှာ ပိတ်ပင်ခံခဲ့ရတဲ့ Jamaat-e-Islami ပါတီဟာ အမတ်နေရာ ၇၇ နေရာ အထိ အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း အမတ်နေရာ ၃၅၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော် (Jatiya Sangsad) မှာ အဓိကအတိုက်အခံပါတီ ဖြစ်လာခဲ့ပါတယ်။ (မှတ်ချက်။ ။ ၎င်းအမတ်နေရာ ၃၅၀ အနက် ၅၀ မှာ ခန့်အပ်ခံ အမတ်တွေ ဖြစ်ပါတယ်။)

 

BNP ခေါင်းဆောင် Tarique Rahman တာရစ်ရာမန်ဟာ နောက်တက်မယ့်  ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
BNP ခေါင်းဆောင် Tarique Rahman တာရစ်ရာမန်ဟာ နောက်တက်မယ့်  ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေအတွင်းကနေ ပေါ်ထွက်လာတဲ့ National Citizen Party (NCP) ကတော့ အမတ် နေရာ ၆ နေရာ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ပါတီခေါင်းဆောင် Nahid Islam ဟာလည်း  အနိုင်ရရှိခဲ့ပြီး လွှတ်တော်သစ်ရဲ့ အသက်ငယ်ဆုံး အမတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ NCP ပါတီဟာ ဒီရွေးကောက်ပွဲမှာ Jamaat ပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး ယှဉ်ပြိုင်ခဲ့တာပါ။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ဟာစီနာ ရဲ့ Awami League ပါတီကတော့ ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ အလုပ်အကိုင် ဦးစားပေးခွဲတမ်း ပြုပြင်ပြောင်းလဲရေး (Quota Reform Movement) ဆန္ဒပြပွဲ တွေ စတင်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိ မ်နင်းမှုကြောင့် ဆန္ဒပြသူ ရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

 

အဲ့ ဒီဖြစ်ရပ်တွေကနေတဆင့် “ဇူလိုင်တော်လှန်ရေး” (July Revolution) နဲ့ ၂၀၂၄ အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (Non-cooperation Movement) တွေ ပေါ်ပေါက်လာခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဝန်ကြီးချုပ် Sheikh Hasina ဟာ အာဏာကနေ ဖယ်ရှားခံခဲ့ရကာ အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ နိုင်ငံတစ်ဝှမ်း မဲပေးမှုနှုန်းမှာ ၅၉.၄ ရာခိုင်နှုန်း ရှိကြောင်း ကနဦးစာရင်းတွေအရ သိရပြီး၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာရှိခဲ့တဲ့ မဲပေးမှုနှုန်း  ၄၂ ရာခိုင်နှုန်းထက် များစွာကျော်လွန်သွားပါတယ်။


ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ နိုင်ငံတစ်ဝှမ်း မဲပေးမှုနှုန်းမှာ ၅၉.၄ ရာခိုင်နှုန်း ရှိကြောင်း ကနဦးစာရင်းတွေအရ သိရ
ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆိုအရ နိုင်ငံတစ်ဝှမ်း မဲပေးမှုနှုန်းမှာ ၅၉.၄ ရာခိုင်နှုန်း ရှိကြောင်း ကနဦးစာရင်းတွေအရ သိရ

ရွေးကောက်ပွဲရလဒ်အရ BNP ခေါင်းဆောင် Tarique Rahman တာရစ်ရာမန်ဟာ နောက် တက်မယ့်  ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပြီး၊ ဟာစီနာ ၁၅ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုအပြီး နိုင်ငံရဲ့  စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ထူ ထောင်ဖို့ စတဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။


တာရစ်ရာမန် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ သြဇာအရှိဆုံး မိသားစုတစ်ခုက ဆင်းသက် လာတဲ့သူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်း Ziaur Rahman (BNP ပါတီကို တည်ထောင်သူ) နဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia တို့ရဲ့ သားကြီးဖြစ်ပါတယ်။


၂၀၀၇ ခုနှစ် စစ်တပ်ကျောထောက်နောက်ခံပြု ကြားဖြတ်အစိုးရလက်ထက်မှာ တာရစ်ရာမန် ဟာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဉ်အတွင်းမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ထောင်ထဲမှာ ၁၈ လကြာ နေထိုင်ခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လန်ဒန်ကို ထွက်ခွာသွားခဲ့ပါတယ်။


 ၂၀၀၈ ခုနှစ်ကတည်းက ယူကေနိုင်ငံ လန်ဒန်မြို့မှာ သွား‌ရောက်နေထိုင်ခဲ့ရပြီး ဟာစီနာ အစိုးရလ က်ထက်မှာ တရားစွဲဆိုမှုပေါင်းများစွာ ရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့မိခင် Khaleda Zia ကျန်းမာ ရေးချို့တဲ့လာချိန်နဲ့ အကျယ်ချုပ်ကျခံနေရချိန်တွေမှာ လန်ဒန်ကနေပြီး ပါတီကို အဝေးကနေ ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

 

 

 
 
 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page